ကချင်ပြည်နယ်၊ မြစ်ကြီးနားဘက်မှာ ခြောက်ဘီးကားဖြင့် သယ်ဆောင်လာသည့် လျှပ်စစ် ဒီတိုနေတာ အချောင်း (၂၀၀၀၀) ခန့်ကို ဇွန် ၂၅ ရက်နေ့၊ ညနေပိုင်းအချိန်က နန့်စီးအောင် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဇွန်လ ၂၅ ရက်နေ့၊ ညနေ ၄ နာရီခွဲချိန်ခန့်က နန့်စီးအောင် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ပိတ်ဆို့စစ်ဆေးမှုများ ဆောင်ရွက်နေစဉ် မြစ်ကြီးနားဘက်မှာ မန္တလေးမြို့ဘက်သို့ ယာဉ်မောင်း မင်းမင်းအေး (၃၀) နှစ်၊ (ဘ) ဦးသက်ဦး၊ ၅/မမတ (နိုင်) ၁၉၅၆၉၃၊ ဗမာ/ဗုဒ္ဓ၊ ကံသာကွက်သစ်၊ မြင်းမူမြို့နေသူတစ်ဦးတည်း မောင်း နှင်လာသော ယာဉ်အမှတ် TG-4283 CANTER အမျိုးအစား (၆) ဘီးယာဉ်အား ရပ်တန့်စစ်ဆေး ရှာဖွေရာ ယာဉ်ပေါ်တွင် အစိမ်းရောင် မိုးကာဖြင့် ဖုံးအုပ်ထားသော အဖြူရောင်ဆာလာအိတ် (၆) အိတ်အတွင်းမှ ဒီတို နေတာဟု ယူဆရသော ပစ္စည်းအချောင်း (၂၀၀၀၀) ခု ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ်တွင် သယ်ဆောင်လာသည် ဒီတိုနေတာဟု ယူဆရသည့် ပစ္စည်းများနှင့် ယာဉ်မောင်း မင်းမင်း အေးတို့အား ညနေပိုင်းအချိန်တွင် မိုးညှင်းမြို့နယ်၊ နယ်မြေရဲစခန်း၌ အမှုဖွင့်အရေးယူဆောင်ရွက်မှုအား ပြုလုပ်ထားကြောင်း သိရသည်။