စိတ်ဆင်းရဲမှုနောက်ကို
ဘယ်သူမှ
အတင်းမလိုက်ခိုင်းနေပါဘူး ။
မနေတတ်တဲ့ ကိုယ့်စိတ်ကပဲ
မသိမှုနဲ့လိုက်နေကြတာပါ ။
အလိုလောဘကြောင့်
စိတ်မချမ်းသာဖြစ်နေတယ်ဆိုရင်
ကိုယ့်အလိုကိုလျော့ရင်ပြေပါတယ် ။
စိတ်မကျေနပ်ချက်ကြောင့်
ပူလောင်နေရတယ်ဆိုရင်
မေတ္တာနဲ့အစားထိုးရင်ဖြစ်ပါတယ် ။
နှလုံးသွင်းမမှန်လို့
စိတ်မချမ်းသာဖြစ်ရတာဟာ
ကိုယ့်သမာဓိ မရှိရာကျပါတယ် ။
အေးချင်းရင်နောက်ဆုတ်လိုက်ပါ
ချမ်းသာချင်ရင်မြတ်တာတွေးပါ ။
အသိဥာဏ်မပါပဲ ခံစားလွန်းရင်
ကိုယ်ပဲပူလောင်ဆင်းရဲရမှာဖြစ်လို့
မသိစိတ်ကို အသိသတိစိတ်နဲ့
ကိုယ်စီထိန်းပေးကြဖို့ လိုပါတယ် ။
🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏