အနီရောင်အဆင့် သတ်မှတ်ထားသည့် အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း၏ ဗဟိုချက်လေဖိအားမှာ (၉၅၂)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၁၁၅)မှ(၁၂၅)မိုင်နှုန်းခန့် ဖြစ်ကြောင်း မိုး/ဇလကထပ်မံသတိပေးထားပါတယ်။
ယနေ့ မေလ (၁၃)ရက်နေ့၊မြန်မာစံတော်ချိန် (၁၄:၀၀)နာရီအချိန်ထုတ်ပြန်သည့် အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းသတိပေးချက်အမှတ်စဉ်(၁၉/၂၀၂၃) ပါ။
