



ရှမ်းပြည်တောင်ပိုင်းမှာ ငလျင်လှုပ်ခတ်မှုကြောင့် လင်းခေးမြို့နယ်ထဲက ဘုန်းကြီးကျောင်းတစ်ကျောင်း မျက်နှာကျက်တွေ ပြိုကျပျက်စီး”
ရှမ်းပြည်တောင်ပိုင်းမှာ ဧပြီ ၆ရက်၊ မနက်ပိုင်းက အင်အား ၄ ဒဿမ ၆ ရစ်ချ်တာစကေးရှိတဲ့ ငလျင်တစ်ခုလှုပ်ခတ်မှုကြောင့် လင်းခေးမြို့နယ်ထဲမှာရှိတဲ့ မက်ကျန်းမွမ်းပရဟိတကျောင်းဝန်းအတွင်းက မဟာမြတ်မုနိကျောင်းဆောင်ရဲ့ မျက်နှာကျက်တွေ ပြိုကျပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဆိုပါငလျင်ဟာ ဧပြီ ၆ရက်၊ မနက် ၇နာရီ ၁၅ မိနစ်ခန့်က လှုပ်ခတ်ခဲ့တာဖြစ်ပြီး နမ့်စန် မြေငလျင်စခန်းရဲ့ အရှေ့တောင်ဘက် ၃၅ မိုင်၊ လင်းခေးမြိုရဲ့ အနောက်မြောက်ဘက် ၇ မိုင်အကွာ၊ မြောက်လတ္တီတွဒ် ၂၀ ဒသမ ၃၉ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒသမ ၉၀ ဒီဂရီ၊ အနက် ၂ ကီလိုမီတာကို ဗဟိုပြုပြီး လှုပ်ခဲ့တယ်လို့ မိုး/ဇလရဲ့ ထုတ်ပြန်ထားမှုအရ သိရပါတယ်။