မတ်လ ၁၀ရက်က ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ တပ်မတော်ဆေးရုံ၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ တပ်မတော်ဆေးရုံနှင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ တပ်မတော် ဆေးရုံတို့၌ တက်ရောက်ကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ အား သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများနှင့် တာဝန် ရှိသူများက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးကုသပေးထား မှုနှင့် ကျန်းမာရေး တိုးတက်မှု အခြေအနေများကို ရင်းရင်းနှီးနှီးမေးမြန်းအားပေးစကား ပြောကြားပြီး ဆေးရုံတက် လူနာများအား အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်သည်။
Related Posts
ရခိုင်ပြည်နယ်ရှိ mobile စခန်း ၉၇၆ ခု ပြန်လည် ပြုပြင်ပြီးဖြစ်
- အေးခင်
- May 25, 2023
မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားသော ရခိုင်ပြည်နယ်အတွင်းရှိ ဆက်သွယ်ရေးစခန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတိုမှ လာရောက်သည့် ဆက်သွယ်ရေးဝန်ထမ်း စုစုပေါင်းအင်အား ၄၀၀ ကျော်ဖြင့် ပြန်လည်ပြုပြင်ဆောင်ရွက်ခဲ့ရာ မေလ ၂၄ ရက်အထိ […]
မင်္ဂလာနံနက်ခင်းပါ
- admin
- September 26, 2022
မင်္ဂလာရှိသော နေ့လေးဖြစ်ပါစေ…..အားလုံးပဲစိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြစေရှင့်…