စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၊ မင်းကျေးရွာတွင် PDF အကြမ်းဖက်များ၏ လက်နက်ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ပါတယ်။
ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်တွင် အရာတော်မြို့နယ်၊ မင်းကျေးရွာအတွင်း နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသော လုံခြုံရေးအဖွဲ့ဝင်များသည် ၎င်းကျေးရွာအတွင်းမှ PDFအကြမ်းဖက်များ၏
- လက်လုပ်သေနတ်— ၉ လက်
- လက်လုပ်စိန်ပြောင်း –၁ လက်
- လက်လုပ်စိန်ပြောင်း ဗုံးသီး— ၁၈ လုံး
- လက်လုပ် ၄၀ မမ ဗုံးသီး— ၂၅ လုံး
- လက်လုပ် တိုက်မိုင်း —-၄၂ လုံး
- ယမ်းမှုန့်မျိုးစုံ —-၁ အိတ်
- ဝရိန်ပုံး ——၁ ပုံး
- ကျောက်စက် —-၄ လုံး
- သံဖောက်စက် —–၁ လုံး
- UAV ပုံစံပြုလုပ်သည့်ဖော့ Farme ပြုလုပ်ဆဲ —-၂ ခု
- Drone ပြုလုပ်သည့် Farme ပြုလုပ်ဆဲ —-၂၃ ခု
- သံတိုသံစ —-၁ အိတ်
- ဝါယာကြိုး —၃ ခွေတို့အား သိမ်းဆည်းရှိခဲ့ကြောင်း သိရှိရပါတယ်။