ဘာလို့ မရှင်သန်ရဲရမှာလဲ
ကိုယ့်ဘ၀ကို
လူတွေကဆုံးဖြတ်တာမဟုတ်ပါဘူး ။
ကိုယ့်စိတ် စေတနာတွေကသာ
ဆုံးဖြတ် စီစဥ်ပေးနေတာပါ ။
သူများတွေအပြစ်ပြောလို့လည်း
မကြောက်ရွံ့ပါနဲ့ ။
သူများ အပုတ်ချလည်း
စိတ်မကောင်းလည်း မဖြစ်ပါနဲ့ ။
ကောင်းမွန်မှန်ကန်စွာနေပြီးတော့
ကိုယ့်ကိုယ်ကို ယုံကြည့်တဲ့စိတ်နဲ့
ဘ၀ထဲမှာ လျှောက်လှမ်းပါ ။
အချိန်တန်ရင် အပြစ်ပြောတဲ့လူရော
အပြစ်ပြောခံရတဲ့သူပါ
လောကကြီးကနေထွက်ခွာသွားရမှာပါ ။
အမှားရှိသူ အချင်းချင်း
ကိုယ့်အမှားကိုတော့ လုံး၀မမြင်ပဲ
သူများကိုပဲ အပြစ်တွေ ဖွမနေပါနဲ့ ။
အသိဥာဏ်ရှိတဲ့ လူတွေဆိုတာ
ကိုယ်ချင်းစာစိတ်တွေထားပြီးတော့
ကိုယ်လည်းအမှားအပြစ်ရှိတာပဲဆိုပြီး
နားလည်ပေးမှုနဲ့ ခွင့်လွတ်ရမှာပါ ။
🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏