ကိုယ့်စိတ် အလိုမကျတိုင်းသာ
မုန်းကြေးဆိုရင်
ပထမဆုံး မုန်းရမှာက
ကိုယ့်ရုပ်ခန္ဓာကြီးပါပဲ…။
မိုးလင်းတည်းက
ခန္ဓာကြီးကထွက်သမျှ
ဘာများနှစ်သက်စရာရှိလိုလဲ?
စားဖို့ ရှာရတယ်,
ဆာတော့ စားရတယ်,
စားပြီးတော့ ပြန်စွန့်ရပြန်တယ်,
ဒီလိုနဲ့ ခန္ဓာကြီးအလို လိုက်ရင်း
အိုရာက နာပြီး နောက်ဆုံးသေရတာပဲ…။
ဝတဲ့သူက ပိန်ချင်ပြီး,
ပိန်တဲ့သူက ဝချင်ပြန်တယ်၊
ဘာလို့ စိတ်သောကဖြစ်ခံနေမှာလဲ?
အလိုမကျတာကို သိရင်,
အလိုက်ဖို့အတ္တ
ရောင့်ရဲတင်းတိမ်တတ်ဖိုပဲလိုတယ်…။
ကိုယ်ပိုင်တဲ့
ကိုယ့်ရုပ်ခန္ဓာကြီးတောင်,
ကိုယ့်စိတ် အလိုကျအောင်
အမြဲခိုင်းလိုရတာမှမဟုတ်ပဲ…။
ဘာလို့များ အချိန်ကုန်ခံ
သူများကိုမုန်းပြီး
စိတ်သောက ဖြစ်ခံနေမှာလဲ?
အချိန်တွေနှမြောရင်
ဘယ်သူ့ကိုမှ မမုန်းပါနဲ့…။
(ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ)