ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှ၊ ခရီးစဉ်တွင်လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများနှင့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ ရန်ကုန်ကွန်ဗင်းရှင်းစင်တာ(YCC)တွင် မြန်မာ့ရိုးရာများကို မျိုးဆက်သစ်လူငယ်များထံသို့ လက်ဆင့်ကမ်းပေးလိုသည့်ရည်ရွယ်ချက်ဖြင့်ကျင်းပပြုလုပ်လျက်ရှိသည့် “မြန်မာ့ရိုးရာပွဲဈေး” သို့ နိုဝင်ဘာ ၈ ရက်နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုအားပေးချီးမြှင့်သည်။ ဦးစွာ နိုင်ငံတော်သမ္မတနှင့်ဇနီး၊ အဖွဲ့ဝင်များသည် အခမ်းအနားသို့ ရောက်ရှိကြရာ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့…