ဒီဇင်ဘာ ၈ရက်က ရန်ကုန်၊ လှိုင်သာယာမြို့နယ်မှာ ဧရာဝတီတိုင်းကနေ ရန်ကုန်သို့ တင်ပို့တဲ့ ကုန်တင်ကားတွေပေါ်တက် အုပ်စုဖွဲ့လုယက်နေတဲ့ ၆ ဦးအဖွဲ့ ၁ ဖွဲ့ကို ရဲတွေက ဖမ်းမိခဲ့တယ်လို့ ကုန်ကားမောင်းတဲ့ ဧရာဝတီတိုင်းက ဒေသခံတစ်ဦးကပြောပါတယ်။ ရန်ကုန်-ညောင်တုန်း ၊လမ်းမကြီးပေါ်က ဘုရားလမ်း ထိပ်မီးပွိုင့် အနီးမှာ ကုန်ကားပေါ် တင်ဆေင်လာတဲ့ အာဗြဲခြောက် (ခေါ်)ငါးနှပ်ခြောက် အိတ်ကိုကားပေါ် တက်လုနေတဲ့ အချိန် ကင်းလှည့်နေတဲ့ ရဲတွေနဲ့တွေ့ပြီး ဖမ်းဆီးခဲ့တာလို့ ပြောပါတယ်။ “ကုန်ကားပေါ်မှာ တင်ဆောင်လာတဲ့ ကုန်ပစ္စည်းတွေကို လုယက်နေတဲ့အချိန်ဖမ်းမိတာ ၊ ခြောက်ယောက်ပါတဲ့ အဖွဲ့လှိုင်သာယာဘက်ကပါ ၊ ကျန်တဲ့အဖွဲ့တွေလည်းရှိ နိုင်နေသေးတယ် ၊ အခုဖမ်းမိတဲ့ သူတွေကို ထိထိရောက် ရောက် အရေးယူစေချင်တယ် ၊ သူတို့က အတင့်ရဲလာ တယ် ၊ လုယက်နေတာကို တွေ့လည်း မပြောရဲကြဘူးလေ။ သတ်ခံရမှာကြောက်လို့ ဒါကို အခွင့်ကောင်းယူပြီး လုပ်နေတာ ၊ သူတို့က ဧရာဝတီတိုင်းဘက်က လာတဲ့ ကုန်ပစ္စည်းတွေကို အဓိကလုယက်တာ”လို့ သူကပြောပါတယ်။ လတ်တလော ဖမ်းမိထားတဲ့ လုယက်တဲ့အဖွဲ့ကအောင်ကို(ခ)ကုလား၊ ကိုဖြိုး၊ ကျော်သူရ၊ အောင်အောင်(ခ)ဝေလင်းအောင်၊ အောင်မျိုးမင်း၊ ခိုင်ရွှေဝါတို့ အမျိုးသား ၅ ယောက်နဲ့ အမျိုးသမီး ၁ ယောက်ကို လှိုင်သာယာမြို့မရဲစခန်းမှာအမှုဖွင့်လှစ် စစ်ဆေးနေတယ်လို့သိရပါတယ်။
Related Posts
ရွှေပြည်သာတွင် လူနာတင်ယာဉ်တစ်စီးတိမ်းမှောက်
- ရှင်ယွန်း
- October 17, 2023
ရွှေပြည်သာမြို့နယ်မှာ လမ်းဖြတ်ကူးတဲ့သူကို ရှောင်တိမ်းရာက လူနာတင်ယာဉ် တိမ်းမှောက်ပြီး လူနာနဲ့ ပရဟိတအဖွဲ့ဝင် ၁ဦးတို့ သေဆုံးခဲ့တယ်လို့ လူမှုကူညီရေးအသင်း တွေထံမှ သိရပါတယ်။ ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် (၁၄)လမ်းဆုံ […]
မြ၀တီမြို့မှာ ဆိုင်ကယ်တွေလှည့်လည်ခိုးယူနေသူတစ်ဦးကို ဆိုင်ကယ် ၈ စီးနဲ့အတူဖမ်းမိ
- ရှင်ယွန်း
- January 15, 2023
မြ၀တီမြို့မှာ ဆိုင်ကယ်တွေလှည့်လည်ခိုးယူနေသူတစ်ဦးကို ဆိုင်ကယ် ၈ စီးနဲ့အတူဖမ်းမိခဲ့တယ်လို့ သိရပါတယ်။ “အခုမြဝတီမှာ ဆိုင်ကယ်သူခိုးတွေက တအားများနေတာပါ။ဆိုင်ကယ်အကြောင်းကို ကျွမ်းကျင်တဲ့သူတွေက ခိုးခိုးသွားတာပေါ့၊ ခိုးတာကတစ်စီးတည်းလည်းမဟုတ်ဘူးလေ၊သူက အဆက်ဆက်တွေနဲ့ လုပ်ကြတာ၊ သူ့အဖွဲ့နဲ့သူ […]
ပဒက်တွေပြေးနေရတာမသိဘဲ အနူကြီးက အဖျက်အမှောင့် လုပ်ခိုင်းနေတယ်
- ပုည
- November 10, 2022
အနူဂျီက ဝရမ်းပြေးတွေက တော်တော်ယုတ်မာ အောက်တန်းကျတာပဲနော်.. သူတို့ ကိုယ်ကျိုးစီးပွားအတွက် မြန်မာ့ရိုးရာဓလေ့ ပွဲတော်တွေကို ဖျက်လိုဖျက်ဆီးလုပ်ပြီး တောင်းစားဖို့ ကြံနေကြတာ တော်တော်ရွံဖိုကောင်းတာပဲ…….