ဆေးပေါင်းခတဲ့ဆေးဘက်၀င်မဲဇလီပင်အကြောင်းကိုရေးလျှင် တန်ဆောင်မုန်းလအကြောင်းကိုလည်းချန်ထား၍မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ရှေးလူကြီးသူမများလက်ထပ်ကုန်းဘောင်ခေတ်ကတည်းက တန်ဆောင်မုန်းလပြည့်ညသို့ရောက်တိုင်း မဲဇလီဖူးခူး၍သုပ်စားကြတဲ့ အစဉ်အလာများ ရှိခဲ့လို့ပါဘဲ။တန်ဆောင်မုန်းဟူသော အရေးအသားကို လေ့လာကြည့်တဲ့အခါ၊ ပုဂံခေတ် ကျောက်စာများတွင် “တန်ဆောင်မှုန်” ဟုရေးထိုး၍တန်ဆောင်မှုန်း ဟုအသံထွက်ဆိုခဲ့ကြပါတယ်။ […]