အီဂျစ်နိုင်ငံ ဂီဇာပြည်နယ်မှာ ခရီးသည်တင်ရထားနှစ်စင်းတိုက်မိမှုဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံး လူလေးဦးသေဆုံးပြီး ၈၈ ဦး ဒဏ်ရာရရှိတယ်လို့ အီဂျစ်ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ နိုဝင်ဘာလ ၈ ရက်က ဖြစ်ပွားတဲ့ ဒီမတော်တဆမှုမှာ ရထားတွဲအချို့ လမ်းချော်သွားပြီး ခရီးသည်တွေ ထိခိုက်ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။ အခင်းဖြစ်ပွားရာနေရာကို လူနာတင်ယာဉ် ၃၀ ကျော်နဲ့ကယ်ဆယ်ရေးအဖွဲ့တွေစေလွှတ်ပြီး ဒဏ်ရာရသူတွေကိုအနီးအနားရှိ ဆေးရုံတွေဆီပို့ဆောင်ကုသပေးခဲ့ပါတယ်။ အီဂျစ်မီးရထားအာဏာပိုင်တွေက မတော်တဆမှုဖြစ်ပွားရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေပြီးရထားလမ်းနဲ့ အချက်ပြစနစ်တွေကိုလည်း စစ် ဆေးနေပါတယ်။ အီဂျစ်နိုင်ငံမှာ ရထားမတော်တဆမှုတွေဟာ ရထားလမ်းအခြေခံအဆောက်အအုံ အိုမင်းဟောင်းနွမ်းမှု၊ ပြုပြင်ထိန်းသိမ်းရေးအားနည်းမှုနဲ့ အချက်ပြစနစ်ဆိုင်ရာပြဿနာတွေကြောင့် ယခင်က လည်းမကြာခဏဖြစ်ပွားခဲ့ပါတယ်။ Ref: RT