အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းမှာ လှုပ်ခတ်သော ငလျင်ကြောင့် သေဆုံးသူ ၂၆၈ ဦးမြင့်တက်လာကြောင်း သိရပြီး ပျောက်ဆုံးသူအရေအတွက် ၁၅၁ ဦးရှိပြီး ဒဏ်ရာရသူ ၁၀၈၃ ဦးရှိကြောင်း လူဦးရေ ၅၈၃၆၂ ဦးမှာ နေအိမ်စွန့်ခွာရပြီး စွန့်ခွာရသူအရေအတွက်မြင့်တက်လာနိုင်ကြောင်း တာဝန်ရှိသူက ပြောကြားသည်။ပြင်းအား ၅ ဒသမ ၆ မဂ္ဂနီကျုရှိ ငလျင်သည် စီရန်ဂျန်း-ဟီလီယာ အနောက်တောင်ပိုင်း ၁၈ ကီလိုမီတာအကွာ အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍ လှုပ်ခတ်ခြင်းဖြစ်သည်။ ပြိုကျသွားတဲ့ဆောက်အအုံများမှာ စာသင်ကျောင်းတစ်ကျောင်းလည်း ပါဝင်သောကြောင့် သေဆုံးသူ ၂၆၈ ဦးတွင် ကလေးငယ်မည်မျှပါဝင်သည်ကို အတိအကျ မပြောနိုင်သေးကြောင်း တာဝန်ရှိသူများကပြောသည်။အင်ဒိုနီးရှား သမ္မတဂျိုကိုဝီဒိုဒိုက ငလျင်ဘေးသင့်ဒေသများသို့ သွားရောက်ကာ ဝမ်းနည်းစကား ပြောကြောင်းနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်သွားရန် တာဝန်ရှိသူများကို ညွှန်ကြားခဲ့ကြောင်း သိရသည်။
Related Posts
ယူကရိန်းက ရုရှားရဲ့မြို့အချို့အား ဒရုန်းအများအပြားဖြင့် တိုက်ခိုက်ခဲ့
- admin
- September 11, 2024
ရုရှားနိုင်ငံရှိ မော်စကိုအား ယူကရိန်းဘက်က ဒရုန်းပေါင်း (၁၄၀) ကျော်နဲ့ စုပေါင်းတိုက်ခိုက်ခဲ့ပါတယ်၊ တချို့ဒရုန်းတွေကို ပစ်ချနိုင်ခဲ့ပြီး တချို့ဒရုန်းတွေ မပစ်ချနိုင်ခဲ့တဲ့အတွက် ထိခိုက်ပျက်စီးသေကြေတာတွေရှိခဲ့တယ်၊ အဲ့ဒီသတင်းက ပူတင့်ကို အတော်စိတ်ဆိုးသွားစေတယ်လို့ဆိုပါတယ်။ […]
ဂျိုးဘိုင်ဒင် အမေရိကန်သမ္မတအဖြစ် ပြန်လည်အရွေးမခံတော့ပါ
- ရှင်ယွန်း
- July 22, 2024
အမေရိကန် သမ္မတလောင်းအဖြစ်ကနေ နုတ်ထွက်ဖိုနှင့် ပြန်လည်အရွေးခံရန် မရည်ရွယ်တော့ကြောင်း သမ္မတဘိုင်ဒင်က ကြေညာလိုက်သည်။ “အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ရတာဟာ ကျွန်တော့်ဘဝရဲ့ အကြီးကျယ်ဆုံး ဂုဏ်ယူစရာပါပဲ။ ပြန်အရွေးခံဖို ရည်ရွယ်ချက်ရှိပေမယ့် […]
Biden သည် အတွင်းဝန် Austin ၏ ကင်ဆာရောဂါရှာဖွေတွေ့ရှိမှုကို အသိပေးခြင်းမရှိ
- ရှင်ယွန်း
- January 10, 2024
သမ္မတဘိုင်ဒင်သည် ကာကွယ်ရေးအတွင်းဝန် လွိုက်အော်စတင်၏ ဆီးကျိတ်ကင်ဆာအကြောင်းကို ရောဂါရှာဖွေပြီးနောက် တစ်လအကြာ အင်္ဂါနေ့တွင် ပထမဆုံးသိရှိခဲ့ပြီး ယင်းနေ့မှာပင် ပြည်သူသို့ အသိ ပေးခဲ့သည်။ အော်စတင်သည် ဒီဇင်ဘာအစောပိုင်းတွင် ဆီးကျိတ်ကင်ဆာကို […]