မလေးရှားနိုင်ငံ Terendak သေနတ်ပစ်ကွင်းတွင် (၃၄)ကြိမ်မြောက် အာဆီယံတပ်မတော်များ သေနတ်ပစ်ပြိုင်ပွဲ (ASEAN Armies Rifle Meet – AARM) ၂၀၂၆ ဖွင့်ပွဲအခမ်းအနား ယမန်နေ့ကကျင်းပခဲ့ပြီး အဆိုပါပြိုင်ပွဲကို အာဆီယံနိုင်ငံများဖြစ်သည့် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ ပြိုင်ပွဲဝင်စစ်သည်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ပြိုင်ပွဲကို နိုဝင်ဘာ ၁၆ ရက်အထိ ပွဲစဉ် ၂၄ ပွဲဖြင့် ကျင်းပသွားမည်ဖြစ်ပြီး ရိုင်ဖယ်သေနတ်၊ ကာဘိုင်သေနတ်၊ အမျိုးသားပစ္စတို၊ အမျိုးသမီးပစ္စတိုနှင့် စက်သေနတ်ပြိုင်ပွဲများ ပါဝင်ယှဉ်ပြိုင်မည်ဟုသိရသည်။



