ဗီယက်နမ်ရေထွက်ပစ္စည်းထုတ်လုပ်တင်ပို့မှု အောင်မြင်ခြင်း၏ သော့ချက်များ

ဗီယက်နမ်နိုင်ငံသည် တောင်တရုတ်ပင်လယ်၏ အနောက်ဘက်ခြမ်းတွင်တည်ရှိပြီး အကျယ်အဝန်းဧရိယာ ၃၃၁,၀၀၀ ကီလိုမီတာခန့်ရှိကာ ၁၁,၄၀၉ ကီလိုမီတာခန့် ရှည်လျားသည့် ပင်လယ်ကမ်းရိုးတန်းကို ပိုင် ဆိုင်ထားသည်။ ဗီယက်နမ်၏ သီး သန့် စီးပွားရေးဇုန်သည် ကီလိုမီတာ ၂၃၇,၈၀၀ ဝန်းကျင်ရှိပြီး ကမ်းလွန်ပင်လယ်ပြင်တွင် ပြန့်ကျဲနေသော ကျွန်းများနှင့်ကျွန်းငယ်ပေါင်း ၄၀၀၀ ကျော်ရှိသည်။ နိုင်ငံတွင် မြစ်နီအပါအဝင် မြစ်ချောင်းပေါင်း ၂၃၇၀ ခန့် ရှိပြီး မြစ်ဝှမ်းဧရိယာ ဟက်တာ ၁ ဒသမ ၉ သန်းခန့်နှင့် မဲခေါင်မြစ်ဝှမ်း ဟက်တာ ၄ ဒသမ ၁ သန်းခန့် ရှိသည်။

၂၀၂၁ ခုနှစ်တွင် ငါးဖမ်းလုပ်ငန်းမှာ ပြည် တွင်း အသားတင်ထုတ်ကုန်တန်ဖိုး GDP ၏ ၃ ဒသမ ၁၈ ရာနှုန်း ပါဝင်ပြီး လူတစ်ဦးချင်းစားသုံးရန်ရရှိနိုင်သောပမာဏမှာ ၂၀ ဒသမ ၅  kg/capita ဖြစ်သည်။ ကမ်းရိုးတန်း၊ ကုန်းတွင်း၊ ကမ်းလွန်တို့မှ   သဘာဝအတိုင်းဖမ်းဆီးခြင်းလုပ်ငန်းအနေ ဖြင့် ၄၇ ရာနှုန်းနှင့်  ရေငန်၊ ရေချိုနှင့် ရေချို/ရေငန်စပ်မှ ရေထွက်ပစ္စည်းမွေးမြူခြင်းလုပ်ငန်းတို့  မှ ၅၃ ရာ နှုန်းအထိအသီးသီးထုတ်လုပ် ကြောင်းတွေ့ရသည်။

 ဗီယက်နမ်နိုင်ငံ၏ ရေထွက်ပစ္စည်းတင်ပို့မှုသည် မကြာသေးမီနှစ်များအတွင်းက ထူးထူး ခြားခြား အောင်မြင်မှု ရရှိခဲ့ပြီးကမ္ဘာ့ထိပ်တန်းဦးဆောင်နိုင်ငံအဖြစ်ရောက်ရှိလာခဲ့သည်ကိုတွေ့ရသည်။

အဆိုပါ အောင်မြင်မှုအတွက် အ ထောက်အကူဖြစ်စေသော အဓိကအကြောင်းအရာအချို့မှာ –

၁။ ထုတ်ကုန်အရည် အသွေးနှင့်ဘေးကင်းရေး အတွက် ဗီယက်နမ်ရေထွက်ပစ္စည်း တင်ပို့ရောင်းချသူများ သည် Global G.A.P.၊ Aquaculture Stewardship Council- ASC နှင့် HACCP ကဲ့သို့သော တင်းကြပ်သော နိုင်ငံတကာအသိအမှတ်ပြု လက်မှတ်များရရှိနိုင်အောင် နိုင်ငံတကာအရည်အသွေးနှင့် ဘေးကင်းရေးစံနှုန်းများကို တိ ကျစွာလိုက်နာခြင်းအားဖြင့် ထုတ် ကုန် အရည်အသွေးနှင့် အစားအစာဘေးကင်းလုံခြုံမှုကို အာမခံမှုပေးနိုင် အောင်ဆောင်ရွက်ခြင်း၊ ခေတ်မီပြုပြင်စီမံခြင်းနှင့်ထုပ်ပိုးခြင်းဆိုင်ရာ အခြေခံလိုအပ်ချက်များတွင် ရင်းနှီး မြှုပ်နှံမှုအနေဖြင့်အခြေခံအဆောက် အအုံနှင့် နည်းပညာကိုအဆင့်မြှင့်တင်ခြင်းဖြင့် ပိုမိုကောင်းမွန်သောသန့်ရှင်းမှု၊ ထိရောက် သော စီမံခန့်ခွဲမှုနှင့် ထုတ်ကုန်များ၏ သိုလှောင်နိုင်မှုသက်တမ်းပိုမိုတိုးမြှင့်နိုင်ခြင်းတို့ဖြင့် ထုတ်ကုန်များ၏အရည် အသွေးနှင့် စျေးကွက်တိုးချဲ့နိုင်မှုကို မြှင့်တင်ပေးခြင်းလည်းပါဝင်သည်။

၂။ ဗီယက်နမ်သည်ရေရှည်တည်တံ့သော ရေထွက် ပစ္စည်းထုတ်လုပ်မှု အလေ့အကျင့်များကိုအာရုံစိုက်ပြီး သဘာဝပတ် ဝန်းကျင်ရေရှည်တည်တံ့မှုနှင့် သယံ ဇာတ ထိန်းသိမ်းမှု သေချာစေရန်ဆောင်ရွက်ခြင်း၊

၃။ ကုန်ကျစရိတ်လျော့ချခြင်းနှင့် ဈေးကွက်ယှဉ်ပြိုင်နိုင်မှုကို အားကောင်းစေရန် ထိရောက်သော ထုတ်လုပ်မှုနည်းလမ်း များနှင့် ကျွမ်းကျင်လုပ်သားများအသုံးပြုခြင်း ။

၄။ ရေထွက်ကုန် ပစ္စည်း အမျိုးအစားစုံလင်စွာထုတ် လုပ်ခြင်းတွင် ငါးတန်ကဲ့သို့သော အစဉ်အလာအရ ထုတ်လုပ်သော ရေထွက်ပစ္စည်းများထက် ပုစွန်၊ တူနာနှင့် ကကတစ် တို့ကဲ့သို့ ဈေးကွက်ဝင်တန်ဖိုးမြင့် ရေထွက်ပစ္စည်းများ ပါဝင်စေရန်ချဲ့ထွင်ခြင်းသည် မတူကွဲပြားသော စားသုံးသူများ စိတ် ကြိုက်ရွေးချယ်နိုင်ရန်နှင့် ပို့ကုန်ဝင် ငွေတိုးစေသည့်အကြောင်းဖြစ်သည်ဟုသိရသည်။

၅။ ကုန်သွယ်မှု မိတ်ဖက်များထူထောင်ခြင်းနှင့်စျေးကွက်အလိုက် သီခြားလိုအပ်ချက်များကိုဖြည့် ဆည်း ဆောင်ရွက်ပေးခြင်း။

 ၆။ နိုင်ငံတကာကုန်စည်ပြပွဲများနှင့် အခမ်းအနားများတွင် တက်ကြွစွာပါဝင်ခင်းကျင်းပြသဆောင် ရွက်ခြင်းဖြင့် ဗီယက်နမ်နိုင်ငံ၏ ရေထွက်ကုန်အမှတ်တံဆိပ်များကို နိုင်ငံတကာစျေးကွက်များတွင် စိတ်ဝင် စားမှုပိုမိုရရှိစေရန် တည်ဆောက်ခြင်းသည်လည်း ဝယ်လက်အသစ်များကို ဆွဲဆောင်နိုင်ပြီး ဈေးကွက်ချဲ့ထွင်ရန် အတွက် အထောက်အကူဖြစ်စေခဲ့သည်။ 

ဗီယက်နမ်နိုင်ငံ၏ ရေထွက်ပစ္စည်းထုတ်လုပ်မှုတန်ဖိုးကွင်းဆက်တစ်လျှောက် အားကောင်းဖွံ့ဖြိုးလာခြင်းသည် Economic Complexity Index (ECI) အရ ဗီယက်နမ် ပို့ကုန်အား ကမ္ဘာပေါ်တွင် ၂၁ ခုမြောက် အကြီးဆုံးပို့ကုန် စီးပွားရေးဖြစ်ပြီး ၈၃ ခုမြောက် ကျစ်လျစ်ခိုင် မာမှုရှိသောစီးပွားရေး ဖြစ်လာခဲ့ပြီး နိုင်ငံ၏ အပေါင်းလက္ခဏာဆောင်သောကုန်သွယ်မှုမျှခြေ Positive Trade Balance မှတ်တမ်းများရရှိနိုင်ခဲ့ခြင်းအတွက် အထောက်အပံ့တစ်ရပ်ဖြစ်သည်ဟုဆိုနိုင်ပါ ကြောင်း တင်ပြလိုက်ရပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *