ကောင်းကျိုးဆောင်နှင်း
- ရုရှားနိုင်ငံ သမ္မတကြီးက
ကမ္ဘာ့ထိပ်သီး ထင်ရှားသည်။
တို့နိုင်ငံ သမ္မတအား
လေးစားချစ်ကြည်။
ဖိတ်ကြားခဲ့ အထူးတလည်
ရွှေဧည့်သည် တို့သမ္မတကြီး။
မင်္ဂလာ ကျက်သရေအပေါင်း
ခညောင်းသည့်ခရီး။
- ရွှေဧည့်သည် တို့သမ္မတကြီး
ရွှေသီးမည့် ခရီးစဉ်
ရောက်ရှိချိန်တွင်။
အောင်သံဆင့် အောင်သံလွင်
အောင်လံတင် လွှင့်ထူထား။
ခရီးဦးကြို ရွှေလမ်းခင်းတယ်
မင်းခမ်းမင်းနား။
- ရုရှားနှင့် မြန်မာက
ထာဝရ မိတ်ဆွေပါ။
နှစ်နိုင်ငံ ဆက်ဆံရေးက
မွှေးလန်းနေကာ။
သောင်းသောင်းဖြဖြ ကြိုဆိုကာ
ချိုကြည်သာ ဖက်လဲတကင်း။
နှစ်နိုင်ငံ ချစ်ကြည်ရေးက
မွှေးပျံ့လို့သင်း။
- မြန်မာနှင့်ရုရှား
နှလုံးသား ဖြူစင်။
နှစ်နိုင်ငံ လက်ပွန်းတတီးရယ်နဲ့
ရင်းနှီးကျွမ်းဝင်။
ခိုင်မြဲတဲ့ သံယောဇဉ်
ချစ်ကြင်လို့ ရိုင်းပင်း။
သူ့အရေး ကိုယ်ဆောင်လို့
ကိုယ့်အရေး သူဆောင်လို့
အောင်မြင်အောင် ဆောင်သယ်ပိုးတယ်
ကောင်းကျိုးဆောင်နှင်း။ ။
မောင်ချစ်ကြည်
