သားအိမ်ကင်ဆာလိုမျိုး ကင်ဆာဆဲလ်တွေကို ဓာတုကုထုံးက ဖျက်ဆီးလိုက်နိုင်ပေမယ့်လည်း တချို့မပျက်စီးဘဲကျန်ရစ်ခဲ့တဲ့ကင်ဆာဆဲလ်တွေက အလွန်အန္တရာယ်ကြီးတဲ့အခြေအနေဆီ ရောက်ရှိသွားနိုင်တာကိုတွေ့ရပါတယ်။ အထူးသဖြင့် သစ်သီးမှရတဲ့သကြားဓာတ်တစ်မျိုးက အဲဒီကင်ဆာဆဲလ်တွေကိုရှင်သန်စေပြီး ပျံ့နှံ့စေအောင်ကူညီပေးတာပါ။
ဒီတွေ့ရှိချက်ကို ဝစ္စတာတက္ကသိုလ်မှသုတေသီများဖော်ထုတ်နိုင်ခဲ့တာပါ။ သူတို့ရဲ့လေ့လာချက်အရ ဓာတုကုထုံးကြောင့်ကင်ဆာဆဲလ်တချို့ဟာ ပျက်စီးသွားတာတွေ့ရပါတယ်။ ဒီလိုပျက်စီးသွားပေမယ့်လည်း အပြီးတိုင်ပြိုကွဲခြင်းမရှိတဲ့အတွက်ဇီဝဗေဒနည်းအရဆိုရင် အသက်ရှင်နေဆဲဖြစ်တယ်လို့ဆိုနိုင်ပါတယ်။ အဲဒီအချိန်မှာအသီးမှရတဲ့သကြားတစ်မျိုးက အသက်ရှင်ဆဲဖြစ်တဲ့ကင်ဆာဆဲလ်တချို့အတွက်စွမ်းအင်ဖြစ်ပေးရုံသာမက ကင်ဆာဆဲလ်အချင်းချင်းကြားမှာလည်း သတင်းစကားပါးသူအဖြစ် တာဝန်ထမ်းဆောင်ခြင်းဖြစ်တာကို သုတေသီများကတွေ့ရှိထားတာဖြစ်ပါတယ်။
ဓာတုကုထုံးအသုံးပြုကုသမှုအများစုမှာ ကင်ဆာရောဂါပြန်ဖြစ်တာကိုတွေ့ရခြင်းက ဘာကြောင့်လဲဆိုတာကို ယခုသုတေသနကအဖြေဖော်ထုတ်ပေးလိုက်နိုင်တာဖြစ်ပါတယ်။ Ref: STDကိုထက်
