လက်ရှိအခြေအနေထက် ပိုမိုသာလွန်ကောင်းမွန်သည့် နိုင်ငံရေးရည်မှန်းချက်များထားရှိဖော်ဆောင်နိုင်ရေးဆွေးနွေး
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ(NSPNC)ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီးရာပြည့်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP) ဒု-ဥက္ကဋ္ဌ ဦးကျောက်ကော်အန်း ဦးဆောင်သောကိုယ်စားလှယ် အဖွဲ့တို့ ဇွန် ၁၈ ရက်က ရှမ်းပြည်နယ်၊ ပန်ဆန်းမြို့ ၌ တွေ့ဆုံခဲ့ကြသည်။
တွေ့ဆုံစဥ် ဒု-ဗိုလ်ချုပ်ကြီးရာပြည့်က ငြိမ်းချမ်းရေးကော်မတီ(၃)ရပ်ဖွဲစည်းထားမှု၊ ငြိမ်းချမ်းရေးဖိတ်ခေါ်ခဲ့မှု၊ ရှေ့ဆက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆွေးနွေးပြောကြားခဲ့သည်။
