စိန့်ပီတာစဘတ်မြို့၌ ကျင်းပမည့် (၂၉)ကြိမ်မြောက် နိုင်ငံတကာစီးပွားရေးဖိုရမ်သို့တက်ရောက်ရန် ဒုတိယသမ္မတ ဦးညိုစော ရုရှားနိုင်ငံသို့ သွား​ရောက်

စိန့်ပီတာစဘတ်မြို့၌ ကျင်းပမည့် (၂၉)ကြိမ်မြောက် နိုင်ငံတကာစီးပွားရေးဖိုရမ်သို့တက်ရောက်ရန် ဒုတိယသမ္မတ ဦးညိုစောသည် ရုရှားနိုင်ငံသို့ ဇွန် ၂ ရက်က ထွက်ခွာသွား​ကြောင်း သိရသည်။

ဒုတိယသမ္မတ ဦးညိုစော ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ ကျင်းပမည့် (၂၉) ကြိမ်မြောက် နိုင်ငံတကာစီးပွားရေးဖိုရမ် (29th St. Petersburg International Economic Forum – SPIEF 2026) သို့ တက်ရောက်ရန် ဇွန် ၂ ရက်နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာကြရာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့​ကြောင်း သိရသည်။

မြန်မာကိုယ်စားလှယ်အဖွဲ့တွင် ဒုတိယသမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးအောင်ကျော်ဟိုး၊ ဦးထိန်လင်း၊ ဦးဆန်းဦး၊ ဦးကိုကိုလွင်၊ ဦးခင်မောင်စိုးနှင့် ဦးထွန်းအုံ၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ လိုက်ပါသွား​ကြောင်း သိရသည်။စိန့်ပီတာစဘတ်မြို့၌ ကျင်းပမည့် (၂၉)ကြိမ်မြောက် နိုင်ငံတကာစီးပွားရေးဖိုရမ်သို့တက်ရောက်ရန် ဒုတိယသမ္မတ ဦးညိုစော ရုရှားနိုင်ငံသို့ သွား​ရောက်

စိန့်ပီတာစဘတ်မြို့၌ ကျင်းပမည့် (၂၉)ကြိမ်မြောက် နိုင်ငံတကာစီးပွားရေးဖိုရမ်သို့တက်ရောက်ရန် ဒုတိယသမ္မတ ဦးညိုစောသည် ရုရှားနိုင်ငံသို့ ဇွန် ၂ ရက်က ထွက်ခွာသွား​ကြောင်း သိရသည်။

ဒုတိယသမ္မတ ဦးညိုစော ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ ကျင်းပမည့် (၂၉) ကြိမ်မြောက် နိုင်ငံတကာစီးပွားရေးဖိုရမ် (29th St. Petersburg International Economic Forum – SPIEF 2026) သို့ တက်ရောက်ရန် ဇွန် ၂ ရက်နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာကြရာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့​ကြောင်း သိရသည်။

မြန်မာကိုယ်စားလှယ်အဖွဲ့တွင် ဒုတိယသမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးအောင်ကျော်ဟိုး၊ ဦးထိန်လင်း၊ ဦးဆန်းဦး၊ ဦးကိုကိုလွင်၊ ဦးခင်မောင်စိုးနှင့် ဦးထွန်းအုံ၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ လိုက်ပါသွား​ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *