နေပြည်တော်တိုင်းနှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေအစပ်မှာခိုအောင်းနေတဲ့အကြမ်းဖက် KNU +PDF အဖွဲ့တွေကို ရွပ်ရွပ်ချွံချွံချေမှုန်းသုတ်သင်ပြီး KNU+PDF အလောင်းများနှင့် သေနတ် ၈၀ ကျော်ကို သိမ်းပိုက်ရရှိခဲ့သည့် မိုးကြိုးစစ်ကြောင်းမှ စစ်ကြောင်းမှူးနှင့် စစ်သည်တော်များကို စစ်မြေပြင်အဆင့်တိုး ချီးမြှင့်ပေးခဲ့ကြောင်း သတင်းရရှိသည်။
ထို့အပြင် မိုးကြိုးစစ်ကြောင်းက စစ်သည်တော်များအား အကြီးအကဲများနှင့် တပ်မတော်ချစ်သူများက ဂုဏ်ပြုဆုငွေများချီးမြှင့်ပေးသည့်အပြင် အထူးညစာစားပွဲဖြင့်ပါ ဂုဏ်ပြုဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။




