❝ရာဘာခြံအတွင်းထောင်ထားသည့် PDF အကြမ်းဖက်သမားများ၏ မိုင်းပေါက်ကွဲမှုကြောင့် ခြံအလုပ်သမား ၅ ဦးဒဏ်ရာရ❞

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၌ ရာဘာခြံတစ်ခုအတွင်းထောင်ထားခဲ့သည့် PDF အကြမ်းဖက်သမားများ၏ မိုင်းပေါက်ကွဲမှုကြောင့် ရာဘာခြံအလုပ်သမား ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဥ်တစ်ခု ဧပြီလ ၁၁ ရက်၊ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်အချိန်က ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ဒဏ်ရာရရှိသူများမှာ ရေဖြူမြို့နယ် ရားဖူး(သစ်)ကျေးရွာနေ ဦးမြင့်ဦး(၅၂)နှစ်၊ သမီးဖြစ်သူ ဒေါ်ဇင်မာဦး(၃၆)နှစ်၊ သားမက်ဖြစ်သူ ဦးလင်း(၄၁)နှစ်၊ တူဖြစ်သူ ဦးခင်ဝင်းကျော် (၃၄)နှစ်၊ ကိုထက်အောင်(၂၇)နှစ်တို ဖြစ်ကြသည်ဟုဆိုသည်။

၎င်းတို ၅ ဦးသည် ကျေးရွာအနီးရှိ ရာဘာခြံအတွင်း အလုပ်လုပ်ကိုင် နေစဉ် PDF အမည်ခံ အကြမ်းဖက်အဖွဲထောင်ထားသည့် မိုင်းတစ်လုံးကို နင်းမိပေါက်ကွဲခဲ့မှုကြောင့် မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးကုသနိုင်ရေး ရေးမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *