လာမည့် မတ် ၁၁ ရက်မှ မတ် ၁၇ ရက်အထိကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများ ဖေဖော် ဝါရီ ၂၃ ရက်မှစတင်ကာထုတ်ယူနိုင်ပြီဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ မြန် မာနိုင်ငံစာစစ်ဦးစီးဌာနက အသိပေးခဲ့သည်။
တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို ဖေ ဖော်ဝါရီ ၂၃ ရက်(တနင်္လာ)နေ့မှစ၍ မိမိတိုဖြေဆိုရမည့် စာစစ်ဌာနကြီးကြပ်ရေးမှူးများ၊ ကျောင်းအုပ်ကြီးများထံတွင် ထုတ်ယူရမည်ဖြစ်ကာ ဖြေဆိုခွင့်ကတ်ပြားများ ထုတ်ယူရာတွင် အခက်အခဲရှိပါက သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများ၊ စာစစ်ဌာနကြီးကြပ်ရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများနှင့် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနတိုထံ တိုက်ရိုက်စုံစမ်းမေးမြန်းနိုင်သည်ဟု အသိပေးခဲ့သည်။
