အမရပူရမြို့နယ်နှင့် ချမ်းမြသာစည်မြို့နယ်တို့တွင် ငွေကျပ် ၄ ဒသမ ၅ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၃ သန်းကျော် ဖမ်းဆီးရမိ

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက် ၅ နာရီခွဲအချိန် အမရပူရမြို့နယ်၊ မြစ်ငယ်မြို့အနီးတွင်   ရဲရင့်အောင်(ခ)အားချစ်မောင်းနှင်လာသော MDY-20 4J-xxxx MITSUBISHI CANTER ၆ ဘီးယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၂၆ ဒသမ ၆ သိန်းဖမ်းဆီးရမိပြီး ၎င်း၏ဖော်ထုတ်ချက်အရ ယင်းနေ့ နံနက် ၉ နာရီခွဲအချိန် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင် ရာတွင် ပူးပေါင်းပါဝင်သူများဖြစ်သည့် ပြည့်ဖြိုးကျော်နှင့် သက်ထွန်းဇော်(ခ)စော်ကဲတို့ ၂ ဦးအား ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုရပ်၊ ၆၂ လမ်းနှင့် ၁၄၁ လမ်းထောင့်၌ MDY-17 9I-xxxx TOYOTA CROWN ယာဉ် ၁ စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ပြည့်ဖြိုးကျော် နေထိုင်သည့် ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာ ရပ်ကွက်ရှိ နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၃ ဒသမ ၈ သိန်းအား ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား ၃၀ ဒသမ ၄ သိန်း (၎င်းဒေသတန်ဖိုး ငွေကျပ် ၄ ဒသမ ၅၆ ဘီလီယံ)အား ဖမ်းဆီးရမိခဲ့ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *