အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ ကြားနာမှုပြုလုပ်သွားမည့် အချိန်စာရင်း

အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ ဘင်္ဂါလီအရေးနဲ့ပတ်သက်တဲ့ ကြားနာမှုကို လာမယ့် ဇန်နဝါရီလ ၁၂ ရက်၊ တနင်္လာနေ့ကနေ  ဇန်နဝါရီလ ၂၉ ရက်၊ ကြာသပတေးနေ့အထိ ပြုလုပ်သွားမယ်လို ICJ ရဲ့ ဝက်ဘ်ဆိုက်ကနေ အလွတ်သဘောအဖြစ်နဲ့ (Unofficial) ကြေညာခဲ့ပါတယ် …….

ကြားနာမှုပြုလုပ်မယ့် အချိန်စာရင်းကတော့ _ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ကနေ ၁၅ ရက်နေ့အထိ ဂမ်ဘီယာနိုင်ငံက ပထမအချီ နှုတ်နဲ့ ဆွေးနွေးသွားမှာပါ။   အချိန်အနေနဲ့ကတော့  နယ်သာလန်စံတော်ချိန် မနက် ၁၀ နာရီကနေ နေ့လည် ၁ နာရီအထိနဲ့ ညနေ ၃ နာရီကနေ ၆ နာရီ အထိပဲဖြစ်ပါတယ်။ (မြန်မာစံတော်ချိန်ထက် ၆ နာရီခွဲ နောက်ကျပါတယ်)

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ကနေ ၂၀ ရက်နေ့အထိ မြန်မာနိုင်ငံက ပထမအချီနှုတ်နဲ့ ဆွေးနွေးသွားမှာပါ။ အချိန်အနေနဲ့ကတော့ နယ်သာလန်စံတော်ချိန် မနက် ၁၀ နာရီမှ နေ့လည် ၁ နာရီအထိနဲ့ ညနေ ၃ နာရီမှ ၆ နာရီအထိပဲဖြစ်ပါတယ်။ 

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့မှာတော့ နယ်သာလန်စံတော်ချိန်  နံနက် ၁၀ နာရီမှ ၁၂:၂၅ နာရီအထိနဲ့ ညနေ ၃ နာရီမှ ၅:၂၅ နာရီအထိ သက်သေတွေကို စစ်ဆေးမှာ (တံခါးပိတ် ကြားနာ စစ်ဆေးခြင်း) ဖြစ်ပါတယ်။  ဒီစစ်ဆေးမှုဟာ တံခါးပိတ်ကြားနာတာဖြစ်လို့ ရုပ်မြင်သံကြားကနေ ကြည့်ခွင့်ရမှာ မဟုတ်ပါဘူး။ 

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့ နံနက် ၁၀ နာရီမှ ၁၂:၂၅ မိနစ်အထိနဲ့ ညနေ ၃ နာရီမှ ၄:၂၅ နာရီအထိ သက်သေတွေကို စစ်ဆေးမှာ (တံခါးပိတ် ကြားနာ စစ်ဆေးခြင်း) ဖြစ်ပါတယ်။ အဲ့သည့်နေမှာပဲ ကျွမ်းကျင်သူတွေ (ရှေ့နေတွေ) က မေးခွန်းတွေ ဖြေရှင်းချက်တွေ လုပ်ကြမှာပါ။ အချိန်ကတော့  ညနေ ၃ နာရီမှ ၄:၁၅ နာရီအထိ ဖြစ်ပါတယ်။ ကျွမ်းကျင်သူကို စစ်ဆေးရာမှာတော့ တံခါးပိတ်ကြားနာတာမဟုတ်လို့ ကြည့်ခွင့်ရကောင်း ရနိုင်ပါတယ်။  

ဇန်နဝါရီလ ၂၃ ရက်နေ့ မနက် ၁၀ နာရီမှ ၁၂:၂၅ မိနစ်အထိကတော့ သက်သေတွေကို ပြန်စစ်မှာပါ။ ဒါကတော့  တံခါးပိတ် ကြားနာ စစ်ဆေးတာပါ။ 

အဲ့တာတွေပြီးတဲ့နောက် ဇန်နဝါရီလ ၂၆ ရက် မနက် ၁၀ နာရီမှ နေ့လည် ၁နာရီအထိနဲ့  ညနေ ၃ နာရီမှ ၆ နာရီအထိရယ် ဇန်နဝါရီလ  ၂၇ ရက်နေ့ မနက် ၁၀ နာရီမှ နေ့လည် ၁နာရီအထိရယ်မှာ ဂမ်ဘီယာရဲ့ ဒုတိယအချီ နှုတ်နဲ့ ဆွေးနွေးမှု ပြန်လုပ်မှာဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *