ပုသိမ်မှာ ဖမ်းဆီးရမိတဲ့ ကျပ်ဘီလီယံ ၁၂၀ ခန့်ရှိတဲ့ မူးယစ်ဆေးဝါးတွေနဲ့ပတ်သက်ပြီး AA ပြောရေးဆိုခွင့်ရှိသူဆိုတဲ့ ခိုင်သုခက ထုံးစံအတိုင်း သူတို့အဖွဲ့နဲ့ ပတ်သက်မှုမရှိဘူးလို့ လူမှုကွန်ရက်ကနေတစ်ဆင့် ငြင်းဆိုထားပါတယ်…
ခိုင်သုခ ဘယ်လောက်ပဲငြင်းငြင်း ဖမ်းဆီးရမိထားတဲ့သူတွေထဲမှာ AA အဖွဲ့နှင့်ပက်သတ်သူတွေ အရှင်မိထားတဲ့အတွက် သူတို့ရဲ့ထွက်ဆိုချက်တွေ၊ ဖမ်းဆီးရမိပစ္စည်းတွေ၊ သယ်ဆောင်တဲ့ လမ်းကြောင်းတွေ AA အဖွဲ့ရဲ့ မူးယစ်ဆေးဝါးစီးပွားရေးတာဝန်ခံတွေနဲ့ ပြည်ပက မူးယစ်ရာဇာဂိုဏ်း တွေ ချိတ်ဆက်ထားတဲ့ အထောက်အထားများစွာ ရှိနေပါတယ်…
AA အဖွဲ့က မူးယစ်ဆေးဝါးကနေတစ်ဆင့် အဓိကဝင်ငွေ ရရှိရေးတာဝန်ခံလုပ်နေတဲ့ ဗိုလ်မှူးကြီး အဆင့်ရှိသူများနဲ့ ကိုယ်ပိုင်နံပတ်ရှိတဲ့ AA တပ်ဖွဲ့ဝင် အရာရှိ၊ အခြားအဆင့်များ အစိုးရထောင်တွေထဲမှာ သက်ရှိထင်ရှားရှိနေလို့ ခိုင်သုခရဲ့ ငြင်းဆိုချက်ဟာ ကယောင်ခြောက်ခြားနဲ့ ပြောမိပြောရာ ရမ်းသမ်းပြီး ပြောဆိုချက်သာဖြစ်ပါတယ်…
ခင်ညိုချော
