တိုက်ဖွန်းကြောင့် ဖိလစ်ပိုင်တွင် သေဆုံးသူ ၁၄၀ ဦးထက်မနည်း ရှိလာ

တိုက်ဖွန်းမုန်တိုင်း ကယ်လ်မယ်ဂီး ကြောင့် ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်း
တွင် ပြင်းထန်သော ရေကြီးရေလျှံမှု
များဖြစ်ပေါ်ခဲ့ပြီး  သေဆုံးသူ အရေ
အတွက်သည် ၁၄၀ ဦးထက်မနည်းရှိနေကာ ၁၂၇ ဦးမှာမူ ပျောက်ဆုံး
လျက်ရှိကြောင်း ကြာသပတေးနေ့က တရားဝင်ထုတ်ပြန်သော စာရင်းများအရ သိရသည်။
         
ယခုသီတင်းပတ်တွင် စီဘူးပြည်
နယ်၏ မြို့ကြီး၊ မြို့ငယ်များတွင် မ
ကြုံစဖူး ရေကြီးရေလျှံမှုများဖြစ်ခဲ့
ပြီး ကားများ၊ မြစ်ကမ်းဘေးရှိ တဲ
အိမ်များနှင့် ကြီးမားသော သင်္ဘော
ကွန်တိန်နာများကိုပင် မျောပါစေခဲ့သည်။
       
နိုင်ငံတော်အရပ်ဖက်ကာကွယ်ရေးရုံး
က သေဆုံးသူ ၁၁၄ ဦးရှိခဲ့သည်ဟု အတည်ပြုခဲ့သော်လည်း ယင်းစာ
ရင်းတွင် စီဘူးပြည်နယ် အာဏာပိုင်
များက အတည်ပြုထားသော နောက်
ထပ် ၂၈ ဦး မပါဝင်ဟု ဆိုသည်။ 

crd***popular news

Leave a Reply

Your email address will not be published. Required fields are marked *