KIA အဖွဲ့ဝင် အမျိုးသားနှစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ နိုဝင်ဘာ ၃ ရက်က အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။ အလင်းဝင်လာသည့် KIA အဖွဲ့ဝင် နှစ်ဦးတို့ကို တာဝန်ရှိသူများက ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပွဲကို နိုဝင်ဘာ ၃ ရက်နံနက်ပိုင်းက ကချင်ပြည်နယ်၊ မိုးကောင်းမြို့၊ မိုးကောင်း တပ်နယ်ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့်အတူ ပါရှိလာသည့် KA-25 တစ်လက်၊ MA-4 တစ်လက်၊ KA-25 ကျည်အိမ်လေးခု၊ အမ်အေကျည်အိမ်သုံးခု၊ KA-25 ကျည် ၁၁၀ တောင့်၊ အမ်အေကျည် ၅၉ တောင့်နှင့် ၄၀မမ ဗုံးသီး ၈ လုံးတို့ကို လွှဲပြောင်းအပ်နှံရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။ယင်းနောက် ဥပဒေဘောင်အတွင်းဝင်ရောက်လာသည့် KIA အဖွဲ့ဝင် နှစ်ဦးကို ဝန်ခံကတိလက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်း အပ်နှံပေးခဲ့ကာ တာဝန်ရှိသူများက ဂုဏ်ပြုချီးမြှင့်ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
#thepillarmedianewsagency #ထောက်တိုင်မီဒီယာ #thepillarmediamyanmar #konotchannel #thepillarmedia
