ဝုလ်ဗ်အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ်(၁၀) ယှဉ်ပြိုင်ပြီးချိန်အထိ နိုင်ပွဲမရသေးတာကြောင့် ပေါ်တူဂီနည်းပြ ဗစ်တာပါရဲရားကို ရာထူးက ထုတ်ပယ်လိုက်ကြောင်း သိရပါတယ်။ဗစ်တာပါရဲရားဟာ ပွဲစဉ်(၁၀)ပွဲမှာ (၂)ပွဲသရေ၊ (၈)ပွဲရှုံးပြီး အမှတ်ပေးဇယားအောက်ရောက်နေတာကြောင့် ဖူလ်ဟမ်ကို (၀-၃)ဂိုးနဲ့ ရှုံးနိမ့်အပြီးမှာ ရာထူးက ထုတ်ပယ်ခံခဲ့ရတာပါ။ ဝုလ်ဗ်အသင်းဟာ ဗစ်တာပါရဲရားနဲ့ ၂၀၂၄ ဒီဇင်ဘာမှာ စတင်လက်တွဲခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ စက်တင်ဘာလမှာ (၃)နှစ်သက်တမ်းရှိ စာချုပ်သစ်ချုပ်ဆိုပြီး ဗစ်တာပါရဲရားကို ယုံကြည်ထောက်ခံကြောင်း ပြသခဲ့ပါတယ်။ဒါပေမဲ့…