ကျနော် ဖြစ်ရပ်မှန် သတင်းလေးတစ်ခု ပြောပြမယ်.. 👇🏿-ဖြစ်စဉ်ကတော့ အောက် ၂၂ ရက်နေ့(မနေ့က) နတ်ရေကန်တောင်စခန်းနဲ့ မီတာ ၇၀၀၀ ခန့်အကွာမှာရှိတဲ့ ဂုတ်ကြီးရွာဖြစ်စဉ်ပါ။ ဂုတ်ကြီးရွာကိုရှင်းတော့ လ(***)တပ်ရင်းက တပ်စိတ် ၁ စိတ်ကျွံသွားပြီး ရန်သူ့ပစ်ခတ်မှုအောက် ရောက်သွားတယ်။ အဲ့ဒီတပ်စိတ်က တပ်စိတ်မှူး ကျသွားပြီး ၂ ယောက် ဒဏ်ရာရခဲ့တယ်။ ဒါနဲ့ 2IC က အဲ့တပ်စိတ်ကို ပြန်ဆွဲ ထုတ်ခဲ့ရတယ်။
-သိပ်မကြာခင်မှာ ကျွံသွားတဲ့ တပ်စိတ်မှာပါတဲ့ ပြည်သူ့စစ်မှုထမ်း အပတ်စဉ် (၄) က တစ်ယောက်က ဦးဆောင်ပြီး ပစ အငယ်တွေ ၇ ယောက်နဲ့ ပြန်တိုက်မယ်ဆိုပြီး Volunteer ကွန်မန်ဒို ဖွဲ့ချင်တယ်ပြောလာတယ်။ ဒီသတင်းပို့ချက်ကို ဒုရင်းမှူးက တပ်မမှူးကို တင်တယ်၊ တပ်မမှူးက တစ်ဆင့် တိုင်းမှူးထံ တင်ပြတယ်။
-တိုင်းမှူးက တိုက်ရိုက်အမိန့်ပေးခဲ့တယ်။ အမိန့်က “ငါ့တပည့်တွေ.. မင်းတို့ ၇ ယောက်လုံး အန္တရာယ်ကင်းကင်း ပြန်ရောက်မယ်လို့ အာမခံရင် ခွင့်ပြုမယ်”တဲ့။ Volunteer ခေါင်းဆောင်ကလည်း အာမခံခဲ့တယ်။ ဒါနဲ့ ကစထကို တင်ပြီး ခွင့်ပြုလိုက်တယ်။
-တကယ်ကို ကတိတည်ပါတယ်.. ရန်သူ့အတွင်းစည်းထဲထိ ထိုးဖောက်ပြီး ဝင်မွှေတာ AA က စစ်ကြောင်းကြီး ဝင်ရှင်းပြီ ထင်လို့ ထွက်ပြေးသွားကြတယ်။ RPG အပါအဝင် သေနတ် ၃ လက်နဲ့ AA အလောင်း ၂ လောင်း ရခဲ့တယ်။
-ဒီနေ့မှာတော့ အဲဒီ Volunteer ၇ ယောက်လုံး စစ်မြေပြင် အဆင့်တိုး ဒုတိယတပ်ကြပ်တွေ ဖြစ်ကုန်ကြပြီ။ အချို့ဆို စစ်သက် ၄ လတည်းနဲ့ ဒုတပ်ကြပ် အဆင့်ရကုန်တယ်။-ပြောချင်တာက ပြည်သူ့စစ်မှုထမ်းတွေ ဘယ်လောက်စွမ်းရည်သတ္တိပြည့်သလဲဆိုတာပါ။ ရာဇဝင်ပြန်ကြည့်တော့ အဲ့တပ် ဒုရင်းမှူးကလည်း ဟိုတလောက AA ၁၁ လောင်း၊ ၁၆ လက်ရထားတဲ့သူ။ သူ့ကိုလည်း စွမ်းရည်ဘွဲ့တင်ပေးထားပါတယ်။
-ဗန်းမော်၊ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မြဝတီ တန်ပြန်ထိုးစစ်တွေမှာ ပြည်သူ့စစ်မှုထမ်းတွေ လက်စွမ်းပြနေသလို ရခိုင်ဒေသမှာလည်း မကြာခင် မြို့တွေပြန်သိမ်းတော့မှာ မြင်ရတော့မယ် ဆိုတာပါပဲ။
-Congratulations ပါ ပြည်သူ့စစ်မှုထမ်းလေးများ။။။ 🏆🏆🏆 (ပုံတွေ မကြာမီ ဖော်ပြပါမယ်)-တိုက်ပွဲသတင်းစုံ

