(ဆောင်းပြောင်း)ဆောင်းပြောင်းဒေသ တောင်မဲသင်းကျေးရွာဘုန်းကြီးကျောင်းအနီးတွင် အကြမ်းဖက်သမားများ ဝှက်ထားသည့် MA-1 သေနတ် ၁ လက်၊ ကျည်အိမ် ၁ ခု၊ကျည် ၃၈ တောင့်တို့အား ရှာဖွေသိမ်းဆည်းရခဲ့ပါသည်။
(လေးကေ့ကော်)အကြမ်းဖက်သမားများ ခေတ္တထိန်းချုပ်ထားသည့် လေးကေ့ကော်မြို့သစ်(ခ) ငြိမ်းချမ်းရေးမြို့သစ်နှင့် မယ်ဝါးခီးကျေးရွာကို တပ်မတော်က အလုံးစုံပြန်လည်သိမ်းပိုက်။
(ရှိန်းမကား)စစ်ကိုင်းမြို့နယ် ရှိန်းမကားဒေသအတွင်းခိုအောင်းနေတဲ့ အကြမ်းဖက် PDF များနှင့်တပ်မတော်စစ်ကြောင်းတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက် PDF များထံမှ MA-1 သေနတ် ၊ ၁ လက်ကျည်အိမ် ၁ ခုနှင့် ကျည် ၂၀ တောင့်တို့အား သိမ်းဆည်းရရှိခဲပါသည်။
(နွားထိုးကြီး)နွားထိုးကြီးဒေသအတွင်းရှိ အကြမ်းဖက် PDF စခန်းကို အထူးရဲတပ်ဖွဲ့မှ တိုက်ခိုက်ချေမှုန်းသိမ်းပိုက်ခဲ့ပြီး RPG ၁ လက်၊ RPG ဒုံးသီး ၁ လုံး၊ကျည်အိမ် ၁၉ ခုနှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲပါသည်။
(ငါန်းဇွန်)ငါန်းဇွန်မြို့နယ်အတွင်း အကြမ်းဖက် PDF များက ခရီးသွားပြည်သူများအား လက်နက်ဖြင့်ခြိမ်းခြောက်ကာ ဓားပြတိုက်နေကြောင်း ပြည်သူများမှ သတင်းပေးပို့သည့်အတွက် တပ်မတော်နှင့်ပြည်သူ့စစ်ပူးပေါင်းစစ်ကြောင်းမှ သွားရောက်ချေမှုန်းခဲ့ရာ PDF အလောင်း ၂ လောင်း၊ လက်လုပ်သေနတ် ၂ လက်၊ လက်ပစ်ဗုံး ၃ လုံးနှင့် ဆိုင်ကယ် ၂ စီးတို့အား သိမ်းဆည်းရရှိခဲ့ပါသည်။
(ကြို့ပင်ကောက်)ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်နေတဲ့ အကြမ်းဖက် PDF များအား တပ်မတော်နှင့်မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပူးပေါင်းစစ်ကြောင်းမှ သွားရောက်ချေမှုန်းခဲ့ရာ အကြမ်းဖက် PDF အလောင်း ၂ လောင်း၊ လက်လုပ် စိန်ပြောင်း ၂ လက်၊ လက်လုပ်ဗုံးသီး ၅ လုံးတို့အား သိမ်းဆည်းရရှိခဲ့ပါသည်။တိုက်ပွဲသတင်းစုံ

