၂၀၂၅ခုနှစ် အောက်တိုဘာလတွင် ကျင်းပသော ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာကောင်စီအစည်းအဝေးတွင် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် လူမှုအကျိုးပြုလုပ်ငန်းကော်မတီ (FIFA Football Social Responsibilty Committee) ဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်ကို ရွေးချယ်ခန့်အပ်ခဲ့လိုက်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သိရသည်။
ဦးဇော်ဇော်သည် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် လူမှုအကျိုးပြုလုပ်ငန်းကော်မတီ (FIFA Football Social Responsibilty Committee) ဥက္ကဋ္ဌအဖြစ် ၂၀၂၅ ခုနှစ်မှ ၂၀၂၉ ခုနှစ်အထိ တာဝန်ယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
အာရှဘောလုံးအဖွဲ့ချုပ် AFC အကြီးတန်းဒုတိယဥက္ကဋ္ဌဖြစ်သူ ဦးဇော်ဇော်သည် အာရှဘောလုံးအဖွဲ့ချုပ်၏ လူမှုရေးရာကော်မတီ ဥက္ကဋ္ဌနှင့် AFC Dream Asia Foundation ၏ Board of Trustees တစ်ဦးအဖြစ် ၂၀၂၃မှ ၂၀၂၇ခုနှစ်အထိ တာဝန်ယူဆောင်ရွက်လျက်ရှိသည့်အပြင် အာရှဘောလုံးအဖွဲ့ချုပ်၊ အာဆီယံဘောလုံးအဖွဲ့ ချုပ်တို့က ချီးမြှင့်သော AFC Dream Asia Award (2013)၊ ASEAN Goodwill Award (2014)၊ ASEAN Goodwill Award (2017)၊ AFC Distinguished Service Award (2024) တို့ကို ချီးမြှင့်ခြင်းခံခဲ့ရကြောင်း သိရသည်။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် လူမှုအကျိုးပြုလုပ်ငန်းကော်မတီတွင် ဒုတိယဥက္ကဋ္ဌအဖြစ် အာဂျင်တီးနား ဂန္ထဝင်ကစားသမားတစ်ဦးဖြစ်သူ Javier Zanetti က ဆောင်ရွက်မည်ဖြစ်ပြီး ကော်မတီတွင် အဖွဲ့ဝင်(၂၁)ဦးဖြင့် ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
#PeopleMedia