မြန်မာ့တပ်မတော် (ကြည်း ၊ ရေ ၊ လေ )မှ ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ အိန္ဒိယနိုင်ငံသို့ သွားရောက်

ဗိုလ်မှူးကြီး ဇာနည်အောင် ဦးဆောင်သည့် မြန်မာ့တပ်မတော် (ကြည်း ၊ ရေ ၊ လေ )မှ အရာရှိ၊ စစ်သည်များ ပါဝင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် မြန်မာ့တပ်မတော်နှင့် အိန္ဒိယတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီး မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရန်နှင့် ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ လေ့လာရေးခရီးစဉ်များအပြန်အလှန် လည်ပတ်ရန်အတွက် စက်တင်ဘာ ၁၆ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်လေဆိပ်မှ အိန္ဒိယနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့တွင် တပ်မတော် (ကြည်း ၊ ရေ ၊ လေ )မှ အရာရှိ ၊ စစ်သည်များ စုစုပေါင်း ၁၂၀ ဦး လိုက်ပါသွားပြီး အိန္ဒိယနိုင်ငံ ၊ ဂါယာမြို့ရှိ အထင်ကရနေရာများ ၊ သင်တန်းကျောင်း၊ စေတီပုထိုး များနှင့် ဘုန်းတော်ကြီးကျောင်းများသို့ စက်တင်ဘာ ၁၉ ရက်အထိလေ့လာ လည်ပတ်သွားမည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *