သစ္စာမဲ့ဝန်ထမ်းအမျိုးသမီးနှင့်ဆက်သွယ်ကာ အကြမ်းဖက်ထောက်ပံ့ကူညီနေသူ ၃ ဦးကို ဖော်ထုတ်ဖမ်းမိ

ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်လှစ်ခံခဲ့ရပြီးနောက် ပြည်ပသို့ ထွက်ပြေးကာ မြန်မာနိုင်ငံအတွင်းရှိ အကြမ်းဖက်အဖွဲ့များကို ထောက်ပံ့နေသော ပညာရေးဝန်ကြီးဌာနမှ DCS(သစ္စာမဲ့ဝန်ထမ်း) ခိုင်စုလွင် ဆိုသူနှင့်ဆက်သွယ်ကာ အဆိုပါ အကြမ်းဖက်ထောက်ပံ့ရာတွင် တစ်ဖက်တစ်လှမ်းမှ ကူညီနေသော အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ကို ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူများမှာ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၁၁၂ လမ်း နှင့် ၅၄ x ၅၅ လမ်းကြား၊ ထွန်တုံးရပ်ကွက်တွင်နေထိုင်ကာ ❛စံထိုက်သီ❜ အထည်ချုပ်လုပ်ငန်း လုပ်ကိုင်နေကြသည့် ပညာရေးဝန်ကြီးဌာနမှ DCS(သစ္စာမဲ့ဝန်ထမ်း) မသီတာဇော် (၃၁) နှစ်၊ အစ်ကိုဖြစ်သူ ဖြိုးမင်းစိုး (၃၅) နှစ်နှင့် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ အမှတ် (၅/၅၈)၊ ဂရုဏာ(၅)လမ်း၊ ကြူစမ်းရွာသစ်၊ ပြန်လည်နေရာချထားရေး ရပ်ကွက်နေ သန်းဇော်မိုး (၄၂) နှစ်တို့ ဖြစ်ကြပြီး ၎င်းတို့ကို စက်တင်ဘာ ၁၀ ရက်နေ့က အသီးသီးဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

၎င်းတို့သည် အကြမ်းဖက်အဖွဲ့များကို ထောက်ပံ့နေသော ပညာရေးဝန်ကြီးဌာနမှ DCS(သစ္စာမဲ့ဝန်ထမ်း) ခိုင်စုလွင် ဆိုသူထံသို့ အဝတ်အထည် အမျိုးမျိုးချုပ်လုပ်၍ တရားမဝင် ပို့ဆောင်ပေးခဲ့သည့်အပြင် ခိုင်စုလွင် အွန်လိုင်းမှ တရားမဝင် ရောင်းချလျက်ရှိသည့် ထိုင်းထီများဝယ်ယူခဲ့ကြောင်း သိရသည်။

ထို့အတူ ခိုင်စုလွင် မှ အကြမ်းဖက်သမားများအား ငွေကြေးထောက်ပံ့နိုင်ရန် ၎င်းတို့၏ Mobile Payments များကို အခကြေးငွေရယူ၍ အသုံးပြုခွင့်ပေးခဲ့သလို ရောင်းချရသည့်ငွေများကို ၎င်းတို့အမည်ဖြင့် ဖွင့်လှစ်ထားသော Mobile Payments များမှတစ်ဆင့် ငွေကြေးများလွှဲပြောင်းပေးအပ်နိုင်ရန် ဆောင်ရွက်ပေးခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသည်ဟုဆိုသည်။

အဆိုပါ ပြည်ပရောက် DCS(သစ္စာမဲ့ဝန်ထမ်း) ခိုင်စုလွင် ဆိုသူသည် ယခုဖမ်းဆီးရမိခဲ့သည့် ဌာနတူ DCS (သစ္စာမဲ့ဝန်ထမ်း) သီတာဇော်နှင့်ချိတ်ဆက်၍ မြန်မာဝတ်စုံများ၊ ရှမ်းဝတ်စုံများနှင့် ညဝတ်အင်္ကျီများကို အွန်လိုင်းစနစ်ဖြင့် လိုင်စင်မရှိဘဲရောင်းချခြင်း တရားမဝင် ထိုင်းထီ ရောင်းချခြင်းတို့ကို ဆောင်ရွက်ကာ ရရှိလာသောငွေကြေးများကို ကိုယ်ကျိုးအတွက် သုံးစွဲခြင်း၊ အကြမ်းဖက်အဖွဲ့အစည်းများသို့ ထောက်ပံ့ပေးခြင်းများ ပြုလုပ်နေသူဖြစ်သည်။

crd//

Leave a Reply

Your email address will not be published. Required fields are marked *