-စက်တင်ဘာ ၁၃ ရက်တွင် ရေးမြို့နယ်၊ နှီးနူကျေးရွာတွင် နေထိုင်သော ဦးအောင်ရှိန်(၅၇)နှစ်သည် နေအိမ်၌ရှိနေစဉ် အကြမ်းဖက်အဖွဲ့ဝင် ကျား ၂ ဦးမှ ဆိုင်ကယ် ၁ စီးဖြင့် ရောက်ရှိလာပြီး ပစ္စတိုဖြင့် ၃ ချက်ခန့် ပစ်ခတ်ထွက်ပြေး သွားခဲ့ရာ ဦးအောင်ရှိန်တွင် ယာဂျိုင်းအောက်၊ ယာနားထင်ကျည်ဖောက်ဝင်ဒဏ်ရာတို့ဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရ။
-စက်တင်ဘာ ၁၃ ရက်တွင် ရေးမြို့နယ်၊ ရွာသစ်ဓမင်းဆိပ်ကျေးရွာနေ ဦးသောင်းစိန်(၆၁)နှစ်သည် နေအိမ်၌ ရှိနေစဉ် အကြမ်းဖက်အဖွဲ့ဝင် ကျား ၂ ဦးမှ ဆိုင်ကယ် ၁ စီးဖြင့် ရောက်ရှိလာပြီး ပစ္စတိုဖြင့် ပစ်ခတ်ထွက်ပြေး သွားခဲ့ရာ ဦးသောင်းစိန်တွင် ကျည်ထိမှန်ဒဏ်ရာတို့ဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရပါသည်။
-စက်တင်ဘာလ ၁၃ ရက် ၁၉၃၀ နာရီတွင် ကော့ကရိတ်မြို့နယ်၊ လှိုင်ကွယ်ကျေးရွာရှိ တံတားအမှတ် (၂/၅၈)အား အကြမ်းဖက်အဖွဲ့မှ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် တံတားဝဲဘက်ခြမ်း လက်ရန်းဘောင် ၁၀ ပေခန့်ပျက်စီး၊ တံတားကြမ်းခင်း ပေါက်ပြဲပျက်စီးနေသည်ကိုတွေ့ရှိရပြီး ယာဉ်ကြီးများသွားလာနိုင်ခြင်းမရှိဘဲ ဆိုင်ကယ်သာ သွားလာနိုင်ကြောင်း သိရှိရပါသည်။
-စက်တင်ဘာ ၁၃ ရက်တွင် ပွင့်ဖြူမြို့နယ်၊ ရေပုတ်ကြီးကျေးရွာနေ ဦးသန်းဌေးအောင်(၃၃)နှစ်သည် ကျေးရွာ၏ တောင်ဘက်ရှိ ယာခင်းသို့ တစ်ဦးတည်းလမ်းလျှောက်သွားရောက်စဉ် ယာခင်းအနီးအရောက်၌ အကြမ်းဖက် အဖွဲ့မှ ထောင်ထားသည့် လက်လုပ်နင်းမိုင်း ၁ လုံးအား နင်းမိပေါက်ကွဲခဲ့ရာ ဦးသန်းဌေးအောင်တွင် ဝဲခြေကျင်း ဝတ်ပြတ်ထွက်၊ ယာပေါင်မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့သဖြင့် ပွင့်ဖြူမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ဆေးကုသလျက်ရှိကြောင်း သိရှိရပါသည်။
