ရခိုင်သို့ ပို့ပြီး AA ဆီမှာ ဘိန်းနဲ့ လဲမယ့် ပဲအိတ် ၆၂၀ ကျော်နှင့် ကုန်စည်အများအပြား ဖမ်းဆီး

၂၀၂၅ ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့ မွန်းတည့်ပိုင်းတွင် စစ်တကောင်းဒေသ ကာနာဖူလီ ရေလက်ကြားတွင် ရခိုင်ဘက်သို့ ပို့ရန် တင်ဆောင်လာသည့် ကုန်စည်အများအပြားကို ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ် (BCG) မှ ဖမ်းဆီးခဲ့ကြောင်း စနေနေ့ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

စစ်ဆေးရာတွင် ပဲအိတ် ၆၂၀၊ ချင်းတက် ၁၀ အိတ်၊ လုံချည်အထည် ၄၈၀၊ ဆာရီအထည် ၄၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး စုစုပေါင်းတန်ဖိုး တာကာငွေ သိန်း ၅၀ ကျော်ခန့်ရှိသည်ဟု BCG က ထုတ်ပြန်ထားသည်။

ထို့အပြင် ထောက်လှမ်းရေးသတင်းများအရ ဘင်္ဂလားဒေ့ရှ်ဘက်မှ ကုန်စည်များကို ရခိုင်ဘက်သို့ တင်ပို့ပြီး အပြန်အလှန် ယာဘ စိတ်ကြွဆေးပြားများ တင်သွင်းရန် စီစဉ်နေကြသည်ဟုလည်း ဖော်ပြခဲ့သည်။

ဤအပြင် သြဂုတ်လ ၁၈ ရက်နေ့တွင်လည်း ကော့ဘဇားခရိုင် အလီအက္ကဘာဒါလီ ဒေသ၌ ရခိုင်ဘက်သို့ တင်ပို့မည့် အာလူးအိတ် ၅၀၀ ကို BCG မှ ဖမ်းဆီးခဲ့သလို၊ သြဂုတ်လ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် မော်တော်ဘုတ် ၂ စီးဖြင့် တင်ဆောင်လာသည့် ဘိလပ်မြေအိတ် ၇၅၀ နှင့် မှောင်ခိုသမား ၂၀ ဦးကိုပါ ဖမ်းဆီးခဲ့ကြောင်း သတင်းထပ်မံဖော်ပြထားသည်။

အရင်းအမြစ် – Dhaka Tribune
ARAKAN BEACON NEWS

Leave a Reply

Your email address will not be published. Required fields are marked *