ဩဂုတ် ၁၄ ရက်နေ့တွင် ဗန်းမော်ဒေသအတွင်း နယ်မြေရှင်းနေသည့် မင်းခေါင်စစ်ကြောင်းများသည် ဗန်းမော်မြို့၊ မင်းကုန်းရပ်ကွက်ရှိ၊ ပင်စင်ကုန်းရပ်ကွက်ရှိ ဟင်းခြံဒေသ၊ ကချင်စုဒေသ များအား လေကြောင်းပစ်ကူ၊ Drone ပစ်ကူများယူပြီး နယ်မြေရှင်းလင်း နိုင်ခဲ့ပြီး ဖြစ်ပါသည်။ ဖြစ်စဉ်တွင် မိမိထိခိုက်ဒဏ်ရာရရှိမှု အချို့ရှိခဲ့ပြီး ရန်သူ့ထံမှ –
(၁) အကြမ်းဖက် KIA ၄ လောင်း
(၂) လက်နက်မျိုးစုံ ၅ လက်
- ပွိုင့် 5 စက်သေနတ်ကြီး ၁ လက် (ပျက်စီး)
- M-22 သေနတ် ၃ လက်
- ဘီဇူကာ ၁ လက်
(၃) ကျည်အိမ်/ကျည်ဆန်/ဗုံးသီးများ သိမ်းဆည်းရရှိခဲ့သည်။
ညနေပိုင်းအချိန်တွင် (၃)မိုင်ကွက်သစ်အနီးရှိ ရန်သူအခြေပြုထားသည့်နေရာအား လေကြောင်း၊ Drone ပစ်ကူများ ရယူပြီး မင်းခေါင်စစ်ကြောင်းများက ဝင်ရောက်ရှင်းလင်းရာ ရန်သူသည် အနည်းငယ်ခုခံပြီး ထွက်ပြေးသွားခဲ့ကာ ရန်သူ့စခန်းနေရာအား သိမ်းပိုက်ရရှိခဲ့သည်။ ဖြစ်စဉ်တွင် စစ်သည် ၂ ဦး ဒဏ်ရာရရှိပြီး ရန်သူ့ထံမှ –
(၁) အကြမ်းဖက် KIA ၁ လောင်း
(၂) M-22 သေနတ် ၁ လက်
(၃) ကျည်အိမ်/ကျည်ဆန်များ
(၄) ပစ်ကျင်း/ဘန်ကာများ
(၅) လက်ပစ်ဗုံး/ မိုင်းများ သိမ်းပိုက်ရရှိခဲ့သည်။ ညပိုင်းအချိန်တွင် မန်စီဒေသရှိ အကြမ်းဖက် KIA အခြေပြုရာနေရာများအား လေကြောင်းမှ ကြိုတင်ချေမှုန်းလျက်ရှိ။
Congratulations ပါ မင်းခေါင်စစ်ကြောင်းမှ သူရဲကောင်းများ 🏆🏆🏆
