နောင်ချိုမြို့ကို ပြန်လည်ထိန်းချုပ်နိုင်တဲ့ သတင်းထုတ်ပြန်ချက်က ထူးခြားမှုများ

၂၀၂၅ ခုနှစ် ဇူလိုင် ၁၆ ရက်ကစပြီး နောင်ချိုမြို့ကို TNLA ထိန်းချုပ်မှုအောက်ကနေ တပ်မတော် စစ်
ကြောင်းများက တိုက်ခိုက်ရှင်းလင်းပြီး ပြန်လည်ထိန်းချုပ်နိုင်တဲ့သတင်းကို အစိုးရမီဒီယာတွေက အထူးသ
တင်းအဖြစ် ထုတ်ပြန်သွားခဲ့ရာမှာ ထူးခြားချက်များ တွေ့ရပါတယ်..

🔴နောင်ချိုမြို့ရဲ့ ပထဝီအနေအထားအရ အချက်အခြာကျမှုများကို တည်ငြိမ်အေးချမ်းစဥ်က လှုပ်ရှားမှု
ရုပ်သံများဖြင့် ဖော်ပြထားပါတယ်..

🔴အဓိကနေထိုင်သည့် လူမျိုးမှာ ရှမ်း၊ ဓနု၊ ဗမာလူမျိုးများဖြစ်ပြီး ပလောင်နယ်မြေမဟုတ်ကြောင်း ပါး
ပါးလေးအသိပေးထားပါတယ်…

🔴TNLA နဲ့ ဓနု PDF များ အကြမ်းဖက်တိုက်ခိုက်ခံရမှုကြောင့် ဒေသခံများရဲ့ပစ္စည်းဥစ္စာဆုံးရှုံးမှုများကို ထောက်ပြသွားပါတယ်…

🔴ရုပ်ရှင်ထဲမှာသာ မြင်တွေ့ရတဲ့ တိုက်ပွဲဝင်စစ်သည်တွေရဲ့တိုက်ပွဲဝင်နေပုံလိုမျိုး မြေပြင်အမှန်တိုက်ပွဲဝင်နေတဲ့ တပ်မတော်သားတွေရဲ့ လှုပ်ရှားမှုပုံတွေကိုလည်း စိတ်အားတတ်ကြွဖွယ် မြင်တွေ့နေရပါတယ်…

🔴ရန်သူထိခိုက်သေဆုံးမှုကို ကိန်းဂဏန်းဖြင့် ဖော်ပြသွားသော်လည်း အလောင်းဓာတ်ပုံများကို ထိန်းထိန်းသိမ်းသိမ်းနဲ့သာ ဖော်ပြသွားပါတယ်…

🔴အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေး (Counter-Terrorism Operation) ကာလ ၁၁ လအတွင်း စခန်းသိမ်းပြီး အောင်ပွဲခံနေတဲ့ တပ်မတော်သားတွေရဲ့ပုံတွေ၊ စစ်နည်းဗျူဟာအရ အရေးကြီးတဲ့ လက်နက်ကြီးပစ်ကူနဲ့ ဒရုန်းတိုက်ပွဲဝင်ပုံတွေကို ပြသသွားပြီး လေကြောင်းပစ်ကူတွေကို ပြသခြင်းမရှိတာ ဝှက်ဖဲလားလို့ ထင်မိပါတယ်…

🔴အကြမ်းဖက်သမား TNLA နဲ့PDF များကြောင့် မြို့ရွာများ၊ ပြည်သူတွေရဲ့ကိုယ်ပိုင်စည်းစိမ်ဥစ္စာများ ပျက်စီးဆုံးရှုံးမှုပုံတွေ ဝေဝေဆာဆာဖော်ပြထားခြင်းမရှိတာကိုလည်း မြင်တွေ့ရပါတယ်…

အနှစ်ချုပ်ကတော့ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုနဲ့ မြို့၊ ရွာတွေ တည်ငြိမ်အေးချမ်းစေရေး တပ်မတော်သားတွေက အသက်ကို ပဓာနမထားဘဲ ရဲဝံ့စွန့်စားစွာဖြင့် ပင်ပန်းဆင်းရဲကြီးစွာ တိုက်ပွဲဝင်ခဲ့ပြီး ရန်သူလက်ထဲကျရောက်နေတဲ့ အရေးကြီးမြို့
တစ်မြို့ကို ပြန်လည်တိုက်ခိုက်ထိန်းချုပ်နိုင်တာကို တွေ့ရခဲတဲ့ ဓာတ်ပုံမှတ်တမ်းများနဲ့ ထုတ်ပြန်ခဲ့တဲ့ သတင်းတစ်ပုဒ်ဖြစ်ပါတယ်..

ထုံးစံအတ်ိုင်း မိမိဘက်က ဘယ်လောက်ကျဆုံး၊ ဒဏ်ရာရလဲဆိုတာကိုတော့ မသိရပါဘူး .

crd***ခင်ညိုချော

Leave a Reply

Your email address will not be published. Required fields are marked *