နိုင်ငံတကာထူးခြားသတင်းများ
-အသက် ၂၂ နှစ်အရွယ် ဆွီဒင်တက်ကြွလှုပ်ရှားသူ အမျိုးသမီး ဂရက်တာ ပါ ၁၂ ဦး သည် ရွက်သင်ဘောငယ်ဖြင့် ကလေးနို့မှုန့် ဆေးဝါးများတင်ဆောင်၍ ဂါဇာကမ်းမြောင်သို့ဝင်ရောက်ရန်ကြိုးပမ်းရာ အစ္စရေးရေတပ်၏ဖမ်းဆီးခြင်း ခံခဲ့ရသည်။
-ကာလီဖိုးနီးယားပြည်နယ် ဘော့အိမ်ဂျယ်လိ ဆန္ဒပြပွဲများဆက်လုပ်နေပါက ရေတပ်မရင်းကွန်မန်ဒိုများသုံး၍ နှိမ်နင်းမည်ဟု ကန် ကာကွယ်ရေးဝန်ကြီးကပြောသည်။
-UK ဆေးသိပ္ပံပညာရှင်များသည် ပဋိဇီဝဆေးမတိုးတော့သည့်လူနာများကိုကုသရန် ကောင်းမွန်သောဘက်တီးရီးယား များပါဝင်သည့် လူမစင်ဖြင့်ဖော်စပ်သောဆေးကို တီထွင်နိုင်ခဲ့သည် ။
-နေးရှင်းလိ ဖိုင်နယ်တွင် စပိန်နှင့်ပေါ်တူဂီတို့ ၂ ဂိုးစီ သရေကျနေရာ ပယ်နတီ အဆုံးအဖြတ်ကြောင့် ပေါ်တူဂီက ၅း၃ ဖြင့် ဒုတိယအကြိမ်မြောက်ဆုဖလားရသွားသည်။
ပြည်တွင်း ထူးခြားသတင်းများ
-တအောင်းပြည်ကောင်စီအစိုးရ TNC ကိုဖွဲ့စည်းလိုက်ပြီး ဥက္ကဌ တာအိုက်ဖုန်း ၊ ဒု ၁ လွေးမိုးခန့် ၊ ဒု ၂ တာအေးမောင် တို့ကတာဝန်ယူ၍ ၎င်းတို့သိမ်းပိုက်ထားသောမြို့များကို အုပ်ချုပ်သွားမည်ဟု ပလောင်သူပုန်က ကြေငြာသည် ။
-စေတုတ္တရာမြို့နယ် မုန်းချောင်းအတွင်းရှိ ပွင့်တောက်ရွာစက်လှေဆိပ်တွင် အထက်တန်းပြဆရာမနှင့် ပညာရေးကောလိပ်တက်နေသည့်သင်တန်းသူ များကို PDF ကဖမ်းခေါ်သွားရာ တပ်မှလိုက်လံကယ်ထုတ်ခဲ့၍ ဆရာမနှင့် သင်တန်းသူ ၃ ဦးပြန်လွတ်လာခဲ့ပြီး ၄ ဦး ကျန်နေသေးသည် ။
-ငါးဇွန်မြို့နယ် မြို့သာရဲစခန်း PDF ဝင်တိုက်ရာ ၎င်းတို့အကျအဆုံးများပြီး ပြန်ဆုတ်သွားသည် ။
-ဖားကန့်ရောက် တပ်မတော်စစ်ကြောင်းသည် ကုဋေမှော်လုပ်ကွက် ၊ လုံးခင်း ၊ မဇွတ်ရန် ၊ ဆန်ခါ ၄ နေရာကိုဖြန့်ခွဲရှင်းလင်းနေရာ KIA တို့ဆုတ်ခွာထွက်ပြေးသည် ။
-နောင်ချို ကန်ကြီးရွာ မိမိတို့သိမ်းယူထားသောစခန်းအနီး ပလောင်သူပုန်ချဥ်းကပ်လာ၍ တိုက်ထုတ်လိုက်ရာ ၎င်းတို့အကျအဆုံးများပြီး ဆုတ်ခွာထွက်ပြေးသည် ။
ပြည်ထောင်စုနယ်မြေ နေပြည်တော် –
ည ၈ နာရီခန့်အချိန် ဒက္ခိဏသီရိမြို့နယ် ဝေဒလမ်းနှင့်သီရိမာလာလမ်းဒေါင့်၌ လျှပ်စစ် ကြေးကြိုး ဖြတ်တောက်ခိုးယူရန်ကြိုးပမ်းသူ အသက် ၄၀ ခန့် ဂျင်းပင်ဖြင့် အမည်မသိအမျိုးသားတစ်ဦး ပလာယာ ကိုင်လျှက် ဓါတ်လိုက်သေဆုံးသည် ။