(ပြည်ပ ထူးခြားသတင်းများ)
-ဂါဇာတွင် အစ္စရေး ထိုးစစ်အရှိန်မြှင့်ခဲ့ပြီး တိုက်ခိုက်မှု့အသစ်အတွင်း ပါလက်စတိုင်း ၅၃၀ ကျော် သေဆုံးခဲ့သည် ၊ ဟားမစ် တို့ကလည်း ဒုံးကျည် ၃ စင်းဖြင့် တဲလ်အဗစ် သို့ပစ်ခတ်ရာ တစ်စင်းကိုပစ်ချနိုင်ခဲ့ပြီး နှစ်စင်းမှာ လူမရှိသောနေရာ၌ကျခဲ့သည် ။
-အမေရိကန်နှင့် ဆော်ဒီတွင်ဆွေးနွေးပွဲအကျိုးရှိကြောင်း နှင့် အပစ်မရပ်ဘဲ စစ်ကို ဆက်တိုက်လိုသူမှာ ရုရှားသာဖြစ်သည်ဟု ယူကရိန်း က ပြောကြားခဲ့သည် ။
-အယုံအကြည်မရှိအဆိုတင်သွင်းခံထားရသော ထိုင်းဝန်ကြီးချုပ် ပေထုံတန် သည် လွတ်တော်၌ မဲမခွဲမှီ အတိုက်အခံများ၏မေးခွန်းများကို မတ် ၂၄/၂၅ ရက်များ၌ ဖြေကြားမည်ဟု ဆိုသည် ၊ ၎င်းသည် ခေါင်းဆောင်အရည်အချင်းမရှိကြောင်း ဖခင် ဖြစ်သူသက်ဆင် က အစိုးရအဖွဲ့ကိုဝင်ရောက်စွက်ဖက်နေကြောင်း move forward ပါတီက စွပ်စွဲထားသည် ။
-သြစတေးလျနိုင်ငံ ဆစ္စဒနီမြို့ရောက် ပြည်ပြေးအဆိုတော်ဖြူဖြူကျော်သိမ်း တော်လှန်ရေးခေါင်းစဥ်ဖြင့် ရှိုးပွဲ လက်မှတ်တစောင် ဒေါ်လာ ၁၅၀ ဖြင့်ရောင်းချနေသည် ။
-ထိုင်းလွှတ်တော်တွင် မြန်မာ့နယ်စပ်လုံခြုံရေးနှင့် ငြိမ်းချမ်းရေး ခေါင်းစဥ်ဖြင့် ဆွေးနွေးပွဲအား မတ် ၂၂/၂၃ နှစ်ရက် ကျင်းပရာ မြန်မာသူပုန်များဖြစ်သော KNU ၊ NUCC ၊ CRPH ၊ KNPP နှင့် လူ့အခွင့်ရေး ဆိုသူ ကိုယ်စားလှယ်များကို လက္ခံ ဆွေးနွေးခွင့်ပြုခဲ့သည် ။
-ထရန့်က လိုချင်နေသော ဂရင်းလန်းဒေသကို အမေရိကန် ဒုသမ္မတကတော်မှ ရေခဲပြင်စွတ်ဖားပြိုင်ပွဲတစ်ခုအားသွားရောက်အားပေးခဲ့ရာ ဥရောပကို ရန်စမှု့အဖြစ် ဝေဘန်မှု့မြင့်တက်နေသည် ။
-တူရကီသမ္မတ အာဒိုဂန် သည် ၎င်းဖမ်းထားသော အစ္စတန်ဘူး မြို့တော်ဝန်အားထောက်ခံနေသော ဆန္ဒပြသူ လူအုပ်ကြီးအားဖြိုခွင်းကာ လူ ၁၁၀၀ ကျော်ဖမ်းခဲ့သော်လည်း ဆန္ဒပြသမားများ ပိုများ ပိုဆိုးလာနေသည် ။
-UK အပါအဝင် နိုင်ငံ ၁၆၀ လက်မှတ်ထိုးထားသော မြေမြုပ်မိုင်း အသုံးမပြုရေး အဖွဲ့မှ ပိုလန် နှင့် ဘောလတစ် ၃ နိုင်ငံနုတ်ထွက်ခဲ့သည် ၊ ၎င်းတို့သည်ရုရှားနှင့် နယ်နိမိတ်ခြင်းထိစပ်နေသောနိုင်ငံများဖြစ်ပြီး NATO အဖွဲ့ဝင်များလည်းဖြစ်ကာ ရုရှားရန်မှကာကွယ်ရန် ဆိုင်းပြင်းနေကြသည် ။
(ပြည်တွင်း ထူးခြားသတင်းများ)
-တောင်ငူမြို့နယ် ကျွန်းကုန်းရွာ တွင် မိဘများမရှိခိုက် ၉ တန်းကျောင်းသူကို မူးယစ်ဆေးသုံးသူ အိမ်နီးခြင်း ၃ ယောက်က မုဒိမ်းကျင့် လည်လှီးသတ်ဖြတ်ခဲ့ရာ ၂ ဦး ဖမ်းမိ ၁ ဦးလွတ်နေသည် ။
-AA သိမ်းထားသော ပုဏ္ဏားကျွန်း ၊ မင်းပြား ၊ မြောက်ဦး ၊ ကျောက်တော် ဒေသများ ရိက္ခာပြတ် ၊ သောက်သုံးရေပြတ် ၊ကူးစက် ဝဲ/ယားနာ ရောဂါများ ပျံ့ပွားလျက်ရှိသည် ။
-AA လက်အောက်၌မနေလိုသော ဘင်္ဂလီများ မောင်တောမှ စက်လှေဖြင့် ထွက်ပြေးရာ ဘင်္ဂလားဒက် နိုင်ငံတက္ကနပ် အနီးလှေမှောက်၍ ၈ ဦးသေပြီး ၂၅ ဦးကို ဘင်္ဂလားနယ်ခြားစောင့်ရဲက ဆယ်ယူခဲ့သည် ။
-လားရှိုးတွင် ပြည့်တန်ဆာခန်းများအား MNDAA က တရုတ်လုပ်ငန်းရှင်များကို လိုင်စင်ထုတ်ပေးလုပ်ကိုင်ခွင့်ပြုထားကြောင်း မြို့ခံများကပြောသည် ။
-ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ခလယ်ဒေးစခန်း KNU မှ တိုက်ခိုက်လျှက်ရှိပြီး ရွာသားများထိုင်းဘက် ထွက်ပြေးနေသည်။
-ညောင်ရွှေ အင်းလေး အနောက်ခြမ်းရှိ မိုးဦး၊ သစ်ပင်ကောက် ၊ ကျေးရွာများရှိ PDF များကို ပအို့ပြည်သူ့စစ်များက ၅ ရက်အတွင်း ဒရုန်း ဗုံး အလုံး ၄၀ ကျော်ဖြင့် ဆက်တိုက် တိုက်ခိုက်ခဲ့ရာ သူပုန်များနလံမထူနိုင် ဖြစ်နေသည် ။
-မန္တလေး မဟာအောင်မြေမြို့နယ်ရှိရပ်ကွက် ၁၉ ခု အတွင်းမှ အပါတ်စဥ် ၁၂ အတွက် စစ်မှု့ထမ်းအကြုံးဝင်သူများကို ပွင့်လင်းမြင်သာစွာ မဲနှိုက်ရွေးချယ်ခဲ့ရာ တပျော်တပါး မဲနှိုက်ခဲ့ကြပြီး တရားမျှတမှု့ရှိခြင်း ၊ ငွေမပေးရခြင်း တို့ကြောင့် ပြည်သူများစိတ်ကြေနပ်မှု့ ရှိခဲ့ကြကြောင်း သိရသည် ။
-မတ် ၂၇ ရက်နေ့၌ Parade ကို မနှစ်ကကဲ့သို့ ညနေပိုင်းတွင် ပြုလုပ်မည်ဖြစ်သည်။
