BIMSTEC အဖွဲ့ဟာ ထိုင်းနိုင်ငံအနေနဲ့ အိမ်နီးချင်းအနောက်နိုင်ငံတွေနဲ့ စီးပွားရေး တိုးချဲ့ဆက်သွယ်ဆောင်ရွက်လိုသော Look West Policy၊ အိန္ဒိယနိုင်ငံရဲ့ အရှေ့တောင်အာရှဒေသနိုင်ငံများနဲ့ စီးပွားရေးအရ ပိုမိုနီးကပ်စွာ ဆောင်ရွက်လိုတဲ့ Look East Policy တို့ရဲ့ ပေါင်းစည်းထားတဲ့ရလာဒ်ကနေ ဖြစ်ပေါ်လာတဲ့ ဒေသတွင်း ခိုင်မာအားကောင်းတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။
BIMSTEC ဒေသတစ်ခုလုံးရဲ့ လူဦးရေဟာ ၁.၈ ဘီလီယံ(၂၀၂၃) ရှိကာ တစ်ကမ္ဘာလုံး လူဦးရေ၏ ၂၂ % ရှိပါတယ်။ ကုန်ထုတ်လုပ်မှုမှာလည်း စုစုပေါင်း ၃.၆ ထရီလီယံ(၂၀၂၃) ရှိပါတယ်။
ဘင်းမ်စတက်အဖွဲ့ဟာ တောင်အာရှနှင့် အရှေ့တောင်အာရှ၊ ထိုမှတစ်ဆင့် အရှေ့အာရှဒေသသို့ ဆက်သွယ်ပေါင်းကူးရေး အတွက် အရေးကြီးသော အဖွဲ့အစည်း ကြီးတစ်ခု ဖြစ်ပြီး မြန်မာနိုင်ငံအနေနဲ့ ၁၉၉၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် အဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့ပါတယ်..
မြန်မာနိုင်ငံဟာ ပထဝီနိုင်ငံရေးအရ အာဆီယံနဲ့တောင်အာရှဒေသရဲ့ အချိတ် အဆက်နိုင်ငံတစ်ခုဖြစ်တာကြောင့် အာဆီယံနဲ့ ဘင်းမ်စတက်အဖွဲ့အစည်းအတွင်း မှာ အရေးပါတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။
နစကအစိုးရလက်ထက် ဘင်းမ်စတက်အဖွဲ့ထဲမှာ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်နိုင် ခြင်းဟာ ဘင်းမ်စတက် အဖွဲ့အတွက်သာမက မြန်မာနိုင်ငံအတွက် အလွန်အကျိုးရှိပါတယ်။
ပထဝီနိုင်ငံရေးအရ အရှေ့တောင်အာရှနဲ့ တောင်အာရှနိုင်ငံများ အကြား ကုန်းတွင်းအချိတ်အစပ်ဖြစ်တဲ့ မြန်မာနိုင်ငံဟာ ဘင်းမ်စတက်နဲ့ အာဆီယံ အကြား ပေါင်းကူးပေးနိုင်သလို လုံခြုံရေးကဏ္ဍ အကြမ်းဖက်နှိမ်နင်းရေးနဲ့ မူးယစ် ဆေးဝါး တိုက်ဖျက်ရေးအတွက် သာမက ဘင်းမ်စတက်အဖွဲ့ကြီးရဲ့ မျှော်မှန်းချက် ဖြစ်တဲ့ ဒေသခွဲအတွင်း စီးပွားရေး လျင်မြန်စွာဖွံ့ဖြိုးတိုးတက်စေမဲ့ အခြေအနေနဲ့ ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးနိုင်တဲ့အချက်အချာနိုင်ငံတစ်ခုဖြစ်ပါတယ်…
ခင်ညိုချော
