ရန်ကုန်တိုင်းဒေသကြီး၊ ကမ္ဘာအေးဘုရားလမ်းမပေါ်ရှိ အင်လျားကန်ဘောင်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များမှ လူငယ် ၂၀ ဦးခန့်ကို အကြောင်းမဲ့ဖမ်းဆီး စစ်ဆေးခဲ့ပြီး ၆ ဦးခန့်ကို ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက သတင်းတု၊ သတင်းအမှားများ မဟုတ်မမှန် လုပ်ကြံရေးသား ဝါဒဖြန့်ဝေခဲ့ကြောင်း သိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာနယ်မြေလုံခြုံရေး တာဝန်ရှိသူတစ်ဦးထံ ဆက်သွယ်မေးမြန်းပြောကြားချက်အရ အဆိုပါသတင်းမှာမှန်ကန်မှုမရှိကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဥပဒေနှင့်အညီဆောင်ရွက်လျက်ရှိပြီး ပြည်သူများအားအကြောင်းမဲ့ဖမ်းဆီးခြင်း၊စစ်ဆေးခြင်းမရှိကြောင်း၊ ပြည်သူလူထုမှ လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင်အမြင်လွဲမှားစေရန်အတွက် တရားမဝင်ပြည်ဖျက် မီဒီယာများမှ ယခုကဲ့သို့ မဟုတ်မမှန်လုပ်ကြံရေးသားဖြန့်ဝေနေခြင်းဖြစ်ကြောင်း သိရှိရသည်။
