အကြမ်းဖက် PDF များမှ အလုပ်သွားသည့်ပြည်သူ ၂ ဦးအား အကြောင်းမဲ့သတ်ဖြတ်

မတ်လ ၁၀ ရက် ၀၇၀၀ နာရီတွင် မုဒုံမြို့နယ်၊ ကလော့သော့ကျေးရွာ၊ ရပ်ကွက်(၄)ရှိ ဘောလုံးကွင်းအနီးတွင် အမျိုးသား ၂ ဦး လက်နက်ငယ်ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ မုဒုံမြို့နယ်၊ ကလော့သော့ကျေးရွာ၊ ရပ်ကွက်(၁)နေ မွန်ထိုင်း(၂၅)နှစ်တွင် ယာနားထင် ကျည်ဖောက်ဝင် ဒဏ်ရာ ၁ ချက်နှင့် ကော့ပီထော်ကျေးရွာနေ မောင်ကလန်(၂၅)နှစ်တွင် နောက်ကျောကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲခြေသလုံးကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့ဖြင့် ၎င်းတို့စီးနင်းလာသည့် Wave 125 ဆိုင်ကယ် (နီ/မဲရောင်)ဘေးတွင် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်။

ဖြစ်စဉ်အား စုံစမ်းစစ်ဆေးခဲ့ရာ ၎င်းတို့ ၂ ဦးသည် ကလော့သော့ကျေးရွာအနီးရှိ ရာဘာခြံသို့ ခြံရှင်းရန်သွားရောက်စဉ် PDF အကြမ်းဖက်အဖွဲ့ဝင် ကျား ၄ ဦးသည် ဆိုင်ကယ် ၂ စီးဖြင့် နောက်မှလိုက်ပါလာပြီး  လက်နက်ငယ်ဖြင့်ပစ်ခတ်၍ ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *