၂၀၂၅ ခုနှစ်၊ မတ်လ ၁ ရက်မှ ၁၅ ရက်အတွင်း ရန်သူ့ထံမှ အကျိုးအမြတ်ရရှိမှုစာရင်းပဲ ဖြစ်ပါတယ်။
တိုင်းစစ်ဌာနချုပ်အလိုက် မတ်လ ၁ ရက်မှ ၁၅ ရက်အတွင်း တိုက်ပွဲသတင်းများနဲ့ အကြမ်းဖက်သမားများသေဆုံး၊ အရှင်မိ၊ အလင်းဝင်နဲ့ သိမ်းဆည်းရမိလက်နက်၊ ခဲယမ်းများ၊ အခြားပစ္စည်းများ စာရင်းအား ဖော်ပြလိုက်ပါတယ်။
ဖော်ပြပါ အလောင်း/လက်နက် အကျိုးအမြတ်ရရှိမှုများသည် မြေပြင်အမှန်တကယ် ဖော်ပြနိုင်သည့် အလောင်း/လက်နက် အကျိုးအမြတ်ရရှိမှုအရေအတွက်များသာဖြစ်ပြီး ရန်သူမှ ၎င်းတို့၏ အလောင်း/ လက်နက်များစွာ ပြန်ဆွဲသွားသည့် သတင်းများ၊ ကြားဖြတ်သတင်းများအရ သိရှိရသဖြင့် ရန်သူ သေဆုံး/ဒဏ်ရာရရှိမှုသည် ယခုဖော်ပြပါ စာရင်းများထက် ပိုမိုများပြားနိုင်ပါတယ်။ လက်ရှိအချိန်တွင် တပ်မတော်မှ အဆင့်မြင့် Drone များကို တွင်တွင်ကျယ်ကျယ် အသုံးပြုပြီး ရန်သူအား ချေမှုန်းလျက် ရှိပါတယ်။
မတ်လအစပိုင်းမှစ၍ ထူးခြားမှုအနေနဲ့ ပြည်သူများရဲ့ သတင်းပေးမှုကြောင့် အကြမ်းဖက်သမားများရဲ့ စခန်းနေရာများအား တိကျစွာချေမှုန်းနိုင်ခဲ့ပြီး ရန်သူ့လက်နက်/ခဲယမ်း/မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှု အများအပြားလည်း ရှိခဲ့ပါတယ်။ ဒါဟာ ပြည်သူအများအပြား ပြည်သူ့လုံခြုံရေးစနစ်မှာ ပူးပေါင်းပါဝင်လာခြင်း၊ ပြည်သူ့လုံခြုံရေးစနစ် ပီပြင်အားကောင်း လာခြင်းတို့ကြောင့် ဖြစ်ပါတယ်။ ပြည်သူ့လုံခြုံရေးစနစ် ဒီထက်ပိုမိုအောင်မြင်လာမည်ဖြစ်ပြီး အကြမ်းဖက်သမားအနေဖြင့် မကြာခင် နိဂုံးချုပ်ရတော့မှာဖြစ်ပါကြောင်း တင်ပြလိုက်ပါတယ်။
