၂၀၂၄- ၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ်ဖြေဆိုမှုကို တစ်နိုင်ငံလုံးအတိုင်းအတာအဖြစ် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် ခရိုင်/မြို့နယ် စာစစ်ဌာနတွေနဲ့ နိုင်ငံခြားစာစစ်ဌာနတွေမှာ ဒီကနေ့ မတ်လ ၁၇ ရက်၊ မနက်ပိုင်းက တပြိုင်နက်တည်း ကျင်းပခဲ့ကြပါတယ်။
အဆိုပါ ၂၀၂၄- ၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ခရိုင်ပေါင်း ၁၀၀ နဲ့ မြို့နယ်ပေါင်း ၂၄၃ မြို့နယ်တို့မှာ စာစစ်ဌာနပေါင်း ၇၇၀ ဖွင့်လှစ်ပြီး ကျင်းပခဲ့တာလည်း ဖြစ်ပါတယ်။
ဒီကနေ့မှာ မြန်မာစာဘာသာရပ်ကို ဖြေဆိုဖို့အတွက် စာရင်းပေးသွင်းထားတဲ့ ကျောင်းသား၊ ကျောင်းသူ အရေအတွက်ဟာ ၂၀၇၉၁၇ ဦးရှိခဲ့တဲ့အနက်က လာရောက်ဖြေဆိုသူ အရေအတွက်ဟာ ၁၉၆၃၃၇ ဦးရှိခဲ့တာကြောင့် ဖြေဆိုမှုရာခိုင်နှုန်းအနေနဲ့ ၉၄.၅၉ ရှိခဲ့တယ်လို့ ပညာရေးဝန်ကြီးဌာနမှ သိရပါတယ်။
crd//
