–နိုင်ငံတကာထူးခြားသတင်းများ
-ဂါဇာ မှ ပါလက်စတိုင်းများ ပြည်ပထွက်ခွာနိုင်ရန် လေကြောင်းလမ်း ၊ ရေကြောင်းလမ်း ၊ ကုန်းလမ်းခရီးများအားလုံး အဆင်သင့်ဖွင့်ပေးထားကြောင်း နေတန်ယာဟု က ပြောသည် ။
_ဂါဇာ အား အစ္စရေးက သိမ်းပိုက်ပြီး ပါလက်စတိုင်းများကိုနှင်ထုတ်၍ အမေရိကန်ကိုလွဲပြောင်းကာ ပင်လယ်ကမ်းခြေ အပန်းဖြေစခန်းဆောက်မည့်အစီအစဥ်ကို ဗြိတိန် က ဆန့်ကျင်ကြောင်း သိရသည် ။
_အစ္စရေးဓါးစာခံ ၃ ဦး နှင့် ပါလက်စတိုင်းအကျဥ်းသား ၃၆၉ ဦး လဲလှယ်ခဲ့သည် ၊ လွှတ်ပေးလိုက်သူ ၃ ဦးမှာ အမေရိကန်ဂျူး ၊ ရုရှားဂျူး ၊ အာဂျင်တိုင်းဂျူး လူမျိုးများဖြစ်သည် ။အမေရိကန်မပါသော ဥရောပ စစ်တပ် ဖွဲ့စည်းရန် ဇလန်းစကီး က တိုက်တွန်းလိုက်သည် ။
_မနေ့က ဘန်ကောက်တွင် ဆောက်လက်စတံတားပြိုကျရာ မြန်မာလုပ်သား၂ ဦး ထိုင်း ၃ ဦး သေဆုံးသည် ။
ပြည်တွင်း ထူးခြားသတင်းများ
-မြိုင်မြို့နယ် ဆူးဝင်း ဝယ်တောင် ဒေသရှိ ရေနံမှော် ဗုံးကြဲခံရ၍ မီးလောင်ပျက်ဆီးသည် ။စဥ့်ကူး မြို့နယ် လက်ပန်လှ PDF စခန်း ဗုံးကြဲခံရမှု့ PDF ၂၇ သေ ၄၀ ကျော် ဒဏ်ရာရသည် ။
_ကယား သူပုန်များဒဏ်ရာရက အထိက ဆေးကုပေးနေသော ” မူကယန်း ” ဆေးရုံ ဗုံးကြဲခံ၍ နေရာရွေ့ရန်ပြင်ဆင်နေသည် ။မိုးဗြဲ တွင် သူပုန်နှင့် တပ်မတော် ဘတပြန်ကျားတပြန် တိုက်ပွဲဆက်ဖြစ်နေပြီး မိုးဗြဲမြို့ကို ပြန်မရသေးပါ။
_ပလောင်သူပုန် တာဂျုပ်ကြား အဖွဲ့သည် ကူမင်း ရောက်နေပြီး တပ်မတော်နှင့် မတ် ၁၆ ရက်နေ့တွင် ဆွေးနွေးမည်ဖြစ်သည် ။
_မြန်မာ့ရေနံထွက်ပစ္စည်းလုပ်ငန်း MOGE ကို ဆွတ်ဇာလန် က ဒဏ်ခတ်ပိတ်ဆို့သည်။_ပြစ်ဒဏ်ချခံရပြီး ပြည်ပ ထွက်ပြေး ၊ အမေရိကန်နိုင်ငံသားခံယူထားသူ ၊ ၂၀၀၇ ခုနှစ် ရွှေဝါရောင်ကာလ ခေါင်းဆောင် ဦးပညာဇောတ ခေါ် လူအမည် နတ်စော သည် မေ့လောက်ပြီထင်ပြီး မြန်မာသံရုံး၌ ဗီဇာလျှောက်ပြန်ဝင်လာရာ ပုဒ်မ ၄ ခုဖြင့် တရားစွဲ အဖမ်းခံရကြောင်းသတင်း ရရှိသည်။
_ညောင်ကျိုးစခန်းကို AAက တိုက်နေပြီး ညောင်ကျိုးစခန်းကျသွားပြီဟု သတင်းထွက်ပေါ်ခဲ့သော််လည်း မြေပြင်သတင်းအရ ညောင်ကျိုးတပ်မတော်စခန်း၏ ကာကင်း ကိုပင် AA များမသိမ်းပိုက်နိုင်ကြောင်း သတင်းရရှိပါသည်။
_သပိတ်ကျင်းနယ်မြေရှင်းလင်းမှုများဆက်တိုက်လုပ်ဆောင်မှုကြောင့် Tnla နှစ် BPLAမောင်ဆောင်းခ တို့အဖွဲ့ အကျများနေသည်။တပ်မတော်စစ်ကြောင်းများ တောင်ခမ်း မှတဖြည်းဖြည်း တိုး၍ နောင်ချိုဘက်သို့ ကပ်၍ လာပြီး Tnla ၏ နောင်ချိုကာကင်းစခန်းများကို တစ်ခုပြီး တစ်ခု သိမ်းပိုက်နေ။