ရုရှားနိုင်ငံတောင်ပိုင်း Volgograd နဲ့ Voronez ဒေသတွေမှာ ယူကရိန်းဘက်က ပစ်လွှတ်လိုက်တဲ့ ဒရုန်းအစင်း ရေ(၁၂၆)စင်းကို အောင်မြင်စွာ ပစ်ချနိုင်ခဲ့တယ်လို့ ရုရှားအစိုးရက ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။
အမေရိကန်ကအဆိုပြုခဲ့တဲ့ ရက်(၃၀)ကြာ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ရုရှားအစိုးရက ငြင်းဆန်ပယ်ချခဲ့ပြီးနောက် ယခုလိုကြီးမားတဲ့လေကြောင်းတိုက်ခိုက်မှု ထွက်ပေါ်လာတာဖြစ်ပါတယ်။
Volgograd နဲ့ Voronez ဒေသတွေမှာ ယူကရိန်းရဲ့ ဒရုန်း(၆၄)စင်းကို အောင်မြင်စွာပစ်ချနိုင်ခဲ့ပြီး အခြားဒရုန်းတွေကိုတော့ နယ်စပ်ဒေသတွေမှာ ပစ်ချနိုင်ခဲ့တာဖြစ်တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် အဲဒီတိုက်ခိုက်မှုဟာ ရုရှား-ယူကရိန်းစစ်ပွဲစတင်ဖြစ်ပွားပြီးနောက်ပိုင်း ယူကရိန်းဘက်က ဒရုန်းအစင်းရေ အများဆုံးနဲ့တိုက်ခိုက်ခဲ့တဲ့ ကြီးမားတဲ့တိုက်ခိုက်မှုတစ်ခုဖြစ်တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြား ခဲ့ပါတယ်။
ယူကရိန်းဘက်ကလည်း ၎င်းတို့ဟာ ရုရှားတပ်ဖွဲ့တွေပစ်လွှတ်လိုက်တဲ့ ဒရုန်းအစင်းရေ(၁၇၈) စင်း အနက် (၁၃၀)စင်းကို အောင်မြင်စွာပစ်ချနိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ပြောဆိုထားပါတယ်။ ဒါ့ပြင် ရုရှားတပ်ဖွဲ့ တွေဟာ ပဲ့ထိန်းဒုံးကျည်နှစ်စင်းကိုလည်း ပစ်လွှတ်ခဲ့တယ်လို့ ယူကရိန်းလေတပ်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
crd np news