၂၀၂၅ မတ် ၁၅ ရက် စနေနေ့ နံနက်ခင်းသတင်းများ

နိုင်ငံတကာသတင်းများ

-Agency France Press ( AFP ) သတင်းဌာန ၊ American Press ( AP ) သတင်းဌာနများ နှင့် နှစ်ရှည် ချုပ်ဆိုထားသော ကန်ထရိုက် စာချုပ်များကို ဖျက်သိမ်းတော့မည်ဟု အမေရိကန်အစိုးရကကြေငြာသည် ၊ ထိုသတင်းဌာနများလက်အောက်တွင် မြန်မာဆိုင်ရာ သတင်းများတင်နေသော VOA နှင့် RFA သတင်းဌာနများ ပါဝင်သည် ။

-မစ်ဇိုင်း ထုတ်လုပ်ခြင်းအစိပ်အပိုင်းများတင်ဆောင်လာသော အီရန်သင်္ဘော တရုတ်ဆိပ်ကမ်းမှ စတင်ထွက်ခွာလာပြီး အီရန်သို့ဦးတည်နေကြောင်း သိရသည် ။

-ကာ့စ်ဒေသ၌ ယူကရိမ်း တပ်များ ပိတ်မိသွားပြီဖြစ်ကြောင်း ရုရှားကပြောသည် ။

-WFP ရိက္ခာ ရနေသော မြန်မာဒုက္ခသည်များ ဧပြီလမှစ၍ ဝေစရာ မရှိတော့ကြောင်း သိရသည် ။

-အီရန် – ရုရှား – တရုတ် ဒုနိုင်ငံခြားရေးဝန်ကြီးများ ဘေဂျင်း တွင် ယနေ့တွေ့ဆုံပြီး အီရန် နျူးကလီးယား အဆင့်မြင့်ရေး ဆွေးနွေးမည်ဟု သိရသည် ။

ပြည်တွင်း သတင်း

-နောင်ချို အုန်းမသီး တွင်အထိနာနေသော ပလောင်သူပုန်က တပ်မတော်သည် အဆိပ်ငွေ့ သုံးကြောင်း စွတ်စွဲသည် ။

-ကွတ်ခိုင်တွင် နမ့်မလင်းချောင်းအတွင်း ရွှေတူးနေသော ကိုးကန့်သူပုန်အားဆန္ဒပြခဲ့သူများကို ကိုးကန့်ကပစ်ခတ်ရာ ကချင် ၆ ဦးသေ ၊ ၆ ဦးဒဏ်ရာရခဲ့ခြင်းအပေါ် လျော်ကြေးပေးမည်ဟု ကိုးကန့်သူပုန်က ဆိုသည် ။

-ပန်တောင်း – တောင်ကုတ် လမ်းပေါ်ရှိ ညောင်ကျိုးတပ်စခန်းကို မတ် ၁၃ ရက်နေ့က သိမ်းပြီးပြီဟု ရခိုင်သူပုန် က ဆိုသော်လည်း မှန်ကန်ခြင်းမရှိ တိုက်ပွဲပြင်းထန်ဆဲ ဖြစ်သည်။

-ဧရာဝတီတိုင်း ကျိုက်လတ်မြို့ စီမံကောင်စီ ၂ ဦးစိန်မြင့် သည် ၎င်းစီမံကောင်စီ မဖြစ်မှီက ပျဥ်ထောင်အိမ် အဆင့်မှ ၃ နှစ်အတွင်း ၃ ထပ်တိုက်ဆောက်လုပ်နေထိုင်ခဲ့၍ ဒေသခံများက ဝေဘန်လျှက်ရှိကြောင်း ၊ ပစ္စတို ၆ လက်ဖြင့် ဖမ်းမိသော ကျိုက်လတ် PDF များ၏ ထွက်ဆိုချက်၌ ၎င်းတို့၏ target မှာ ၊ စိန်မြင့် ဟု ထွက်ဆိုကြောင်း သိရသည် ။

-မုံရွာ-ယာကြီး-သမင်ခြံလမ်းအတိုင်း ချင်းပြည်နယ်၊ ရခိုင်ပြည်နယ် များသို့ လက်နက်ခဲယမ်းများပေးပို့နေကြောင်း kiaထုတ်
ဝထုတ်လက်နက်များဖြစ်ပြီး kia နှင့်uwsa လက်နက်စက်ရုံများ များ တရစပ်ထုတ်လုပ်ပေး‌ပို့နေသည်။

-စဥ့်ကူးမြို့နယ်အတွင်း  လက်ပံလှရွာအတွင်းအခြေပြုနေသည့် အကြမ်းဖက် PDF စခန်းအား ဗုံးကြဲချေမှုန်းစဉ် pdf ၁၇ ယောက် သေပြီး ၄၀ ကျော် ဒဏ်ရာရသည်ဟု သိရသည်။

-စစ်တွေ၊ ကျောက်ဖြူတိုက်ပွဲများတွင် တပ်မတော်က စွမ်းရည်မြင့် UAV နှင့် Drone များ အသုံးပြုလာနေပြီး AA အဖွဲ့
အထိအခိုက်များခဲ့ကြောင်း သတင်းရရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *