(တောင်ခမ်း)မတ် ၁၅ ရက် (ယနေ့) နေ့လည်ပိုင်းတွင် တောင်ခမ်းဒေသရှိ အကြမ်းဖက် TNLA စခန်းအား Drone ဖြင့် ကင်းထောက်၍ Drone ပစ်ကူ/ လက်နက်ကြီး ပစ်ကူများဖြင့် ကြိုတင်ချေမှုန်းပြီး ကွန်မန်ဒို(တောင်ခမ်း)စစ်ကြောင်းမှ စီးနင်းတိုက်ခိုက်ရာ တိုက်ခိုက်ချိန် ၄၅ မိနစ်အတွင်း ရန်သူ့စခန်းအား သိမ်းပိုက်ရရှိခဲ့ပြီး ရန်သူမှာ အလောင်း/လက်နက်များဆွဲ၍ ထွက်ပြေးသွားခဲ့။ အလားတူ ဆုတ်ခွာရန်သူများနှင့် ကွန်မန်ဒိုအရံစစ်ကြောင်းတို့ ထပ်မံထိတွေ့မှုဖြစ်ပွားခဲ့ပြီး လက်နက်/ခဲယမ်းအချို့ သိမ်းဆည်းရရှိ။ ဖြစ်စဉ်တွင် မိမိထိခိုက်မှုမရှိ၊ ရန်သူ့ထံမှ -(၁) အကြမ်းဖက် TNLA ၂ လောင်း(၂) လက်နက် ၂ လက် – RPG လောင်ချာ ၁ လက် – Type-81 သေနတ် ၁ လက်(၃) ကျည်အိမ် ၃ ခု၊ ကျည် ၆၈၀ တောင့်(၄) လက်ပစ်ဗုံး ၅ လုံး(၅) မိုင်းမျိုးစုံ ၃ လုံး(၆) ရှော့တိုက်ဒုံး ၂ လုံး(၇) RPG ဒုံးသီး ၄ လုံး(၈) သဲအိတ်ဘန်ကာ ၁၆ လုံး(၉) မြေခွေးကျင်း ၂၈ ကျင်း(၁၀) တဲ ၇ လုံး(၁၁) ဆသရမြောင်း ၆၀၀ ပေခန့်တို့အား သိမ်းပိုက်ရရှိခဲ့ပါသည်။ ဆုတ်ခွာရန်သူနောက်သို့ လက်နက်ကြီးများ၊ မြေပြင်စစ်ကြောင်းများဖြင့် ထပ်ကြပ်လိုက်လံ ရှင်းလင်းလျက်ရှိပါသည်။





