မတ်လ ၁၂ ရက် နံနက်ပိုင်းအချိန်က မုံရွာမြို့နယ်တွင် နယ်မြေရှင်းနေသော လုံခြုံရေးအဖွဲ့ဝင်များသည် တိမ်ပင်စုရွာအနီး အကြမ်းဖက် PDF များနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့။ ဖြစ်စဉ်တွင် မိမိထိခိုက်မှုမရှိ၊ ရန်သူ့ထံမှ -(၁) DJI အမျိုးအစား ကင်းထောက် Drone ၁ စီး(၂) လက်ပစ်ဗုံး ၅ လုံး(၃) ကျည်မျိုးစုံ ၁၈၂၀ တောင့်(၄) ပြောက်ကျားယူနီဖောင်း ၄ စုံ(၅) ဝိုင်ဖိုင်စက် ၁ လုံး(၆) PDF အဖွဲ့ဝင်ကတ် ၁၀ ကတ်တို့အား သိမ်းဆည်းရရှိခဲ့။-ထို့နောက် လုံခြုံရေးအဖွဲ့ဝင်များက နယ်မြေဆက်လက်ရှင်းလင်းခဲ့ရာ ကျွန်းကြီးရွာအနီးတွင် အောက်ပါ အကြမ်းဖက် ဖောက်ခွဲရေးပစ္စည်းများ ထပ်မံသိမ်းဆည်းရရှိခဲ့သည် -(၁) လက်လုပ် Drop Bomb ၁၀ လုံး(၂) သေနတ်စင် ၁ ခု(၃) အမ်-၂၂ ကျည်အိမ် ၄ ခုအား သိမ်းဆည်းရရှိခဲ့သည်။
