စစ်တက္ကသိုလ်နှင့် တပ်မတော်နည်းပညာတက္ကသိုလ်များတွင် စာပေပညာများတက်ရောက်သင်ကြားနေကြသည့် ဗိုလ်လောင်းများ အထောက်အကူဖြစ်စေရန်အတွက် ပညာရေးသုတေသန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ပါမောက္ခ ဒေါက်တာ သန့်ဇင်မှ AM/FM SUPERHET RADIO KIT ၅၀ စုံ၊ COLLEGE Physics second edition Volume One စာအုပ် ၄ အုပ်နှင့် ရူပဗေဒပညာရှင်ကြီးများနှင့် အကျိုးပြုတီထွင်ဖန်တီးမှုများစာအုပ် ၁၀ အုပ် ပေးအပ်ခြင်း အခမ်းအနားအား ယမန်နေ့က တပ်မတော်ဆေးတက္ကသိုလ်ရှိ ပင်မစာသင်ဆောင်( ၃ ထပ်)ဧည့်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ကျောင်းအုပ်ကြီး၊ ပါမောက္ခချုပ်နှင့် အရာရှိကြီးများတက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။



